ငွေ Silver ကို လက်ဝတ်လက်စားအပြင် အင်္ကျီအဖြစ်ပါ ထုပ်ကြတယ်ဆိုတာသိပြီးပြီလား။ ငွေအစစ်နဲ့လုပ်ထားတာဆိုတော့ သိပ်ဖြစ်နိုင်ချေမရှိဘူးလို့ယူဆနိုင်ပေမယ့်လည်း နာရီကဲ့သို့အသုံးအဆောင်ပစ္စည်းတွေမှာတောင် သုံးသေးတာပဲ အဝတ်အထည်၊ ဖိနပ်နအိတ်စတဲ့အသုံးအဆောင်တွေမှာလည်း သုံးသင့်တာပေါ့။

Source: pinterest.com

ငွေရောင်ဟာ Classic ဖြစ်တဲ့ အရောင်ပါ။ ပွဲတက် Suit နဲ့ဝတ်ဆင်ရင်လည်းလိုက်ဖက်မယ့်အခြေအနေမှာရှိပါတယ်။ သင်ဟာ Bling Bling ကြိုက်တဲ့သူဆိုရင်တော့ အဆင်ပြေပါတယ်။ ဥပမာပေးရမယ်ဆိုရင် တော့ သင်ဟာ Leather သားရေကိုကြိုက်နှစ်သက်သူဆိုရင်တော့ ငွေအစစ်နဲ့လုပ်ထားတဲ့ အင်္ကျီတွေကိုလည်း သဘောကျမှာအသေအချာပါ။ Tone, Shades, Texture ကိုသိချင်ရင်တော့ 90’s အနှောင်းပိုင်းလောက်ကခေတ်စားခဲ့တဲ့ NASA မှာသုံးခဲ့တဲ့ Wear မျိုးကို Inspire ယူထားတာလို့ပြောမယ်ဆိုရင်လည်းမမှားပါဘူး။

Source: pinterest.com

ဘယ်လိုပဲမအပ်စပ်ဘူးလို့ပြောကြပါစေ ထူးခြားတာတစ်ခုက Silver ကို Retro ဒီဇိုင်းနဲ့တွဲဖက်ပြီးဆန်းသစ်တီထွင်ထားတော့ လတ်တလောယောက်ျားလေးဖက်ရှင်လောကမှာ နေရာယူထားတာပဲဖြစ်ပါတယ်။ Old School Sense နဲ့ Stand Out ဖြစ်တဲ့ကာလာကြောင့် ဖက်ရှင်ကျရခြင်းဖြစ်တယ်လို့ပြောရရင်လည်းမမှားပါဘူး။

Source: pinterest.com

ဒီလို Trend ဖြစ်လာတယ်ဆိုတာကလည်း Supreme တို့လို နာမည်ကြီး Brand တွေကပါ Silver ကိုသုံးပြီး အင်္ကျီတွေ ဖိနပ်တွေ အိတ်တွေ ထုပ်လာကြလို့ပါ။ လောလောဆယ်တော့ ရေပန်းစားနေတဲ့ Silver ပါတဲ့ Branded Items ၁၀မျိုးပဲရှိပါသေးတယ်။ နောက်ထပ်လည်း မတူညီတဲ့ အဝတ်အစား အသုံးအဆောင်တွေခေတ်စားလာနိုင်တာမို့ နိုင်ငံတကာ ဖက်ရှင်ကိုအမီလိုက်နိုင်စေဖို့ အလင်းပြလိုက်ရခြင်းပဲဖြစ်ပါတယ်။