မင်းသားလေးတွေလို ချောမောတဲ့ရုပ်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ အပြင် အဆိုပညာရပ်မှာ လည်းထူးချွန် လှတဲ့ ကိုရီးယားတေးဂီတအဖွဲ့တွေ များစွာ ရှိပါတယ်။ ထိုများစွာထဲက နှုတ်ခမ်းနီမလေးတွေ ရဲ့အသည်းကို လှုပ်ခတ်သွားအောင် စွမ်းဆောင်နိုင် တဲ့ Band တစ်ခုကတော့ BTS (band) ပဲဖြစ်ပါတယ်။BTS အဖွဲ့ဟာ ၂၀၁၃ခုနှစ်၊တောင်ကိုရီးယားနိုင်ငံ၊ဆိုလ်းမြို့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ပထမဆုံးတေး အယ်လ်ဘမ် အဖြစ်၂၀၁၄ခုနှစ်မှာ Dark & Wild ဆိုတဲ့ အယ်လ်ဘမ်  ဖြစ်ပါတယ်။

အဖွဲ့ဝင်များ

Source: wallur.com

BTS Band ကိုအမျိုးသားအဖွဲ့ဝင် (၇)ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ Jin , Suga , J-Hope , RM , Jimin , V, Jungkook ဆိုတဲ့ စတိုင်မိုက်မိုက် အဆိုတော် (၇)ဦး ပဲဖြစ်ပါတယ်။

လွှမ်းမိုးမှုအရှိဆုံး

Source: Chartmetric

၂၀၁၇ခုနှစ်မှာ တိုင်မ်းမဂ္ဂဇင်းက ထုတ်ပြန်ခဲ့သော အင်တာနက်ပေါ်တွင် လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်- ၂၅ဦး စာရင်းထဲတွင် BTS အဖွဲ့ပါဝင်ခဲ့သည်။ BTS အဖွဲ့ဟာ ကိုရီးယားနိုင်ငံမှ ပရိသတ်များသာမက ကမ္ဘာတစ်ဝန်းလုံးက ပရိသတ်များရဲ့ အားပေးမှုတွေကိုပါ ရရှိနေတဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဖြစ်ပါတယ်။

Source: South China Morning Post

ယခု ၂၀၁ ခုနှစ်မှာလည်း BTS အဖွဲ့ဟာ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေအတွက် တေးဗီဒီယိုအသစ်ကို စီစဉ် ပေးခဲ့ပြန်ပါတယ်။ တေးအယ်လ်ဘမ်အသစ်ရဲ့ အမည်က Love Yourself: Answer ဖြစ်ပါတယ်။ ၄င်း တေးစီးရီးထဲမှာ ပါဝင်တဲ့ IDOL သီချင်းကိုလည်း သြဂုတ်လထဲမှာ စမ်းသပ်ထုတ်လွှင့်ခဲ့ပါတယ်။

Source: Metro.co.uk