ဆံပင်ကေ အမျိုးမျိုးခေတ်စားသလိုပါပဲ တက်တူးတွေဟာလည်း ပုရိသတို့အတွက် ယနေ့ခေတ် Urban Style ဆိုတဲ့ခေါင်းစဉ်အောက်မှာ မပါမဖြစ်ဝင်လာပါတယ်။ သတိထားမိကြလားတော့ မသိဘူး ဒီနေ့ခေတ်မှာ တက်တူးအကြီးတွေထက် အသေးလေးတွေက ပိုခေတ်စားလာတာကို တွေ့ရပါတယ်။ မြန်မြန်ဆန်ဆန် သေးသေးကွေးကွေးနဲ့ အနာသက်သာတဲ့အပြင်ရိုးရှင်းပြီးကြည့်ကောင်းပါတယ်။

အထိုးများကြတာကတော့ ဓားအသေးစားလေးတွေ အရိုးခေါင်းအသေးစားလေးတွေအပြင် ထန်းပင်ပုံအသေးလေးတွေပါ။ ကမ္ဘာကျော် Cele တွေဖြစ်တဲ့ JB တို့ Zayn တို့တောင် Micro Tatt တွေကိုပိုပြီးထိုးလာကြပါတယ်။

တက်တူးထိုးဖို့ စိတ်ဝင်စားတဲ့သူဆိုရင်တော့ Pinterest မှာပုံတွေပိုစုံတဲ့အတွက် Inspire ယူပြီးထိုးနိုင်ပါတယ်။ ဌက်လေးတွေ ပန်းလေးတွေအပြင် မြှား အစရှိတဲ့ပုံမျိုးစုံကို Micro တက်တူးအနေနဲ့ထိုးကြပါတယ်။ ယောက်ျားလေးတွေပို အကြိုက်များတာကတော့ လှိုင်းပုံ သင်္ဘောပုံ နဲ့ သံလိုက်အိမ်မြောင်ပုံတို့ အထိုးများပါတယ်။

တက်တူးထိုးခြင်းဟာ ဆံပင်ကေပြောင်းသလိုပါပဲ ကိုယ်မညှပ်ဖူးရင် ကိုယ်နဲ့မလိုက်ဘူးလို့ထင်ရပေမဲ့ ညှပ်ပြီးမှကိုယ်နဲ့လိုက်နေတော့ ပီတိဖြစ်ရသလိုမျိုးပါပဲ။ တက်တူးထိုးတဲ့အခါ ထိုးပြီးမှ အထာကျနေတော့ စိတ်ကျေနပ်ရတာမျိုးပါ။

ကျောတပြင်လုံးအကြီးကြီးထိုးမှ ယောက်ျားပီသတာမဟုတ်ပါဘူး။ ခုနောက်ပိုင်း ခေတ်စားလာတဲ့ Micro တက်တူးလေးတွေဟာလည်း ထိုးပြီးရင် နောင်တရစေမဲ့ အမှားထဲမှာမပါ ပါဘူး။

အသက်ကြီးလာရင်တောင် ကိုယ့်မျိုးဆက်တွေကို Micro တက်တူးက ကိုယ်တွေလက်ထက်မှာ ခေတ်စားခဲ့တယ်ဆိုတာကို Classic အနေနဲ့ ပြန်ပြသခွင့်တောင်ရဦးမှာပါ။ ကဲ ဒီလောက်ဆို ပြေးထိုးသင့်ပါပြီ ခါတော်မှီလေးပေါ့။