အမျိုးသားတိုင်း စတိုင်မကျပါဘူး။ ဒါပေမယ့် အမျိုးသားတိုင်းကတော့ စတိုင်ကျခန့်ညားချင်ကြပါတယ်။ စတိုင်ကျတဲ့ အမျိုးသားဆိုတာ ဘယ်အချိန်၊ဘယ်နေရာမှာ ဘယ်လို Dress မျိုးကို ၀တ်ဆင်သင့်သလဲ ဆိုတာ ကို သိရှိနားလည်ကြပါတယ်။ Loungewear ဟာ အမျိုးသားတွေကို ပျင်းရိလေးတွဲ့တဲ့ ပုံပေါ်လွင်စေပြီး စတိုင် ကျမှု ကိုလည်း ပျောက်ကွယ်စေပါတယ်။ တချို့ အမျိုးသားတွေဟာ Loungewear ၀တ်ဆင်ထားပေမယ့် စမတ် ကျ နေကြပါတယ်။

Source: hunterandgatti.com

စတိုင်ကျတဲ့ ပုရိသတွေဟာ ဘယ်ချိန်တွေမှာ Loungewear ကို ၀တ်ဆင်တတ်ကြသလဲ။ Loungewear ဟာအမျိုးသားတိုင်းကို စတိုင်မကျစေပါဘူး။ ဖက်ရှင်အကြောင်းကို မလိုက်စားတဲ့ အမျိုးသားများကတော့ Loungewear ကိုရှောင်ကျဉ် သင့်ပါတယ်။ သဘောကျနှစ်သက်လို့ ၀တ်ဆင်တော့ မယ်ဆိုရင် ဘယ်ချိန်ခါတွေမှ ၀တ်ဆင်သင့်သလဲ ဆိုတာ အရင်လေ့လာသင့်ပါတယ်။

Source: www.hanro.co.uk

အလုပ်ပိတ်ရက် ဘယ်မှမသွားပဲ အိမ်မှာပဲ အနားယူ၊စာဖတ်၊တီဗီကြည့်တော့မယ် ဆိုရင် Loungewear  ကိုဝတ်ဆင် သင့်ပါတယ်။ အကယ်၍ အိမ်ကို အသိမိတ်ဆွေ၊မိန်းကလေး တွေ လာလည်တဲ့အခါ ကပိုကယို စတိုင်က မိန်းကလေးတွေကို ဖမ်းစားနိုင်မှာ  ပဲဖြစ်ပါတယ်။

Source: Bedroom Athletics

ပုရိသတွေ အနေနဲ့ ညအိပ်ယာဝင်ချိန်တွင် Loungewear ကိုဝတ်ဆင်ဖို့ ရွေးချယ်သင့်ပါတယ်။ သင့် ဇနီးကို စွဲဆောင်မှုရှိတဲ့ စတိုင်ကို ပြသလိုက်ပါ။

Source: Bang+Strike

စတိုင်ကျတဲ့ အမျိုးသားတိုင်း ကိုယ်လက်လှုပ်ရှား အားကစားကို လုပ်ဆောင်တတ် ကြပါတယ်။ Gym ကစားတဲ့အခါ သမရိုးကျ အားကစားဝတ်စုံကို ၀တ်ဆင်မယ့်အစား Loungewear ကို ရွေးချယ်ကြည့် လိုက်ပါ။  စမတ်ကျ ခန့်ညားတဲ့ ပုရိသတစ်ဦး အဖြစ် ကိုယ့်ကိုကိုယ် ပုံဖော်ကြည့်လိုက်ပါ။