ဆေးလိပ်သောက်ခြင်းဆိုတာ တကယ်တော့မကောင်းလှပါဘူး။ အဆုတ်ကို ထိခိုက်စေနိုင်ပြီး သက်လုံကိုလည်း ကျစေပါတယ်။ ဘောလုံးသမားတစ်ယောက်ဟာ ဆေးလိပ်နဲ့ ဘာမှကို မဆိုင်တာပါ။ သက်လုံကို ဦးစားပေးယှဉ်ပြိုင်ရတဲ့ကစားနည်းဟာ ဘောလုံးပါ။ ဆေးလိပ်သောက်ခြင်းဟာ ဦးနှောက်ကို ထုံထိုင်းစေပါတယ်။ နည်းပြတွေကတော့ ကစားသမားတွေကို ဆေးလိပ်မသောက်ဖို့ တားကြပါတယ်။ ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိသော်လည်း နာမည်ကျော်ကြားနေတဲ့ ဘောလုံးသမားလေးယောက်ကိုလည်း ကွီးမှ ဖော်ပြပေးလိုက်ရပါတယ်။

၁. Mesut Ozil

Source: sillyseason.com

အာဆင်နယ်အသင်းရဲ့ အကျော်အမော် ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ အိုဇေးဟာဆေးလိပ်သောက်ခြင်းကို ခုံမင်ပါတယ်။ သူကမ်းခြေမှာ ဆေးလိပ်သောက်နေတဲ့ပုံကို သတင်းသမားတွေက အမိအရဓာတ်ပုံရိုက်ကူးယူနိုင်ခဲ့တာပါ။ ဆေးလပ်သောက်ပေမဲ့လည်း ဘောလုံးကွင်းထဲမှာတော့ အကောင်းဆုံးစွမ်းဆောင်ထားတုန်းပါပဲ။

၂. Mario Balotelli

Source: sillyseason.com

ဘောလုံးလောကရဲ့ ပြဿနာတစ်ကောင်ကိုပြောပါဆိုရင် ဘာလော့တယ်လီကို ပြေးမြင်ကြမှာပါ။ ကွင်းအတွင်းနဲ့ကွင်းပြင်ပမှာ အမြဲလိုလိုပြဿနာရှာတတ်တဲ့သူဟာ ဆေးလိပ်ကို စွဲလန်းစွာသောက်သူတစ်ယောက်ဖြစ်ပါတယ်။ ထို့ကြောင့် သူဟာ ပါရမီရှိပေမဲ့လည်း သိပ်ပြီးမထွန်းတောက်တာဖြစ်ပါတယ်။

၃. Wayne Rooney

Source: sillyseason.com

အင်္ဂလန်ထိပ်သီးကစားသမားဖြစ်တဲ့ ရွန်နီဟာလည်းဆေးလိပ်သောက်ခြင်းကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာသွင်းဂိုးအများအပြားသွင်းထားနိုင်တဲ့သူဟာ ယခုအချိန်မှာတော့ အဲဗာတန်အသင်းမှာ ကစားနေတာပါ။ သူဆေးလိပ်သောက်နေတဲ့ပုံကို မီဒီယာသတင်းသမားတွေက အမိအရရိုက်ပြီး အွန်လိုင်းပေါ်ဖြန့်ခဲ့ပါတယ်။

၎. Jack Wilshere

Source: sillyseason.com

ခြေစွမ်းခြေစကောင်မွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အာဆင်နယ်ကွင်းလယ်လူ ဂျက်ဟာ ဆေးလိပ်သောက်တတ်ပါတယ်။ သူဆေးလိပ်သောက်နေတဲ့ပုံဟာ အွန်လိုင်းပေါ်မှာလည်း ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ပါတယ်။ သူဆေးလိပ်သောက်တာကို နည်းပြအာစင်ဝင်းဂါးကတော့ အပြင်းအထန်ကန့်ကွက်ပါတယ်။