ဘယ်လူ့အဖွဲ့အစည်းမှာမဆို အသက်ရှင်နေထိုင်နေတဲ့သူတစ်ယောက်ဟာ ကိုယ်နဲ့စပ်ဆိုင်တဲ့သူတွေအပေါ်ကို တန်ဖိုးရှိစွာနဲ့ ရှင်သန်ရာပတ်ဝန်းကျင်ကိုလည်း ကောင်းကျိုးတွေ ဖြန့်ဝေပေးနိုင်ဖို့လိုအပ်ပါတယ်။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်အတွက် ဆိုးကျိုးတွေပဲ ယူဆောင်ပေးနိုင်တယ်ဆိုရင် လူ့အဖိုးတန်တစ်ယောက်ဖြစ်နိုင်ဖို့မလွယ်ကူတော့ပါဘူး။

အများအကျိုးကို ရှေ့တန်းတင်နိုင်ရမယ်

Source: alemdomar.com

အကျိုးရလဒ်တွေရရှိဖို့ ကြိုးစားအားထုတ်တဲ့အခါမှာ ကိုယ့်အကျိုးထက်အများအကျိုးကို ရှေ့တန်းတင်နိုင်တဲ့စိတ်ဓာတ်မျိုးကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ လောကအတွက် မရှိမဖြစ်လိုအပ်တဲ့သူတစ်ယောက်ရဲ့စိတ်ဓာတ်ဟာ ကိုယ်ကျိုးစွန့်တဲ့အတွေးတွေနဲ့ ပြည့်လျှံနေမှာဖြစ်ပါတယ်။

အတ္တဟိတကို နောက်တန်းပို့နိုင်ရမယ်

Source: Pinterest

လောကမှာ ရှင်သန်နေထိုင်ကြတဲ့လူတွေဟာ အတ္တတွေကြီးစိုးနေကြပါတယ်။ နေရာတကာမှာ ငါ့အတွက်၊ ငါ့မိသားစုအတွက်ဆိုတဲ့ ငါဆိုတဲ့အတ္တကြီးကို လက်ကိုင်ထားတတ်ကြပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အဖိုးတန်တဲ့လူသားတစ်ယောက်အဖြစ် ရှင်သန်ဖို့အတွက်က ကိုယ်ကျိုးကြည့်တတ်တဲ့ အတ္တဟိတစိတ်ကိုနောက်တန်းကိုပို့နိုင်ရမှာဖြစ်ပါတယ်။

ပရဟိတကို ဦးထိပ်ထားနိုင်ရမယ်

Source: buffalofoodshelf.com

ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံရှိပါတယ်။ အဓိပ္ပါယ်ကတော့ အခက်အခဲ၊ဒုက္ခတွေကြုံ လာတဲ့အခါ တခြားသူတွေမဆိုထားနဲ့ ကိုယ့်သားသမီးကိုတောင် နင်းချေတတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။  ဒီလိုဆိုးဝါးတဲ့စိတ်ဓာတ်တွေရှိတဲ့သူတွေရဲ့အလယ်မှာ ပရဟိတစိတ်ဓာတ် (အများအကျိုးကိုဦးထိပ်ထားသယ်ပိုး)လို သောစိတ်ဓာတ်ပိုင်ရှင်တွေဟာ လူ့အဖိုးတန်တွေဖြစ်ပြီပေါ့။