[Zawgyi]

မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္ၾကယ္ပြင့္ မက္တြန္မ္ေနးဟာ ဖိအားေတြ ဝင္ေနတဲ့နည္းျပ ဆုိးလ္ရွားဟာ အုိးထရက္ဖို႔ဒ္မွာ ဆာအဲလက္စ္ဖာဂူဆန္ရဲ႕အေမြကို ဆက္ခံမယ့္နည္းျပျဖစ္တယ္လို႔ အခုိင္အမာေျပာၾကားခဲ့ေၾကာင္း Mirror ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ နည္းျပဆုိးလ္ရွားရဲ႕ ပထမဆံုးရာသီျပည့္ တာဝန္ယူကိုင္တြယ္တဲ့ ရာသီသစ္အစမွာပဲ ခက္ခက္ခဲခဲရုန္းကန္ေနရၿပီး ပရီးမီးယားလိဂ္ရာသီအစ ၆ ပဲြမွာ ၂ ပြဲသာ အႏုိင္ရရွိေအာင္ စြမ္းေဆာင္ထားႏုိင္ခဲ့တာျဖစ္ပါတယ္။

Source: irishmirror

ဒါ့အျပင္ ဖလားၿပိဳင္ပြဲမွာလည္း အက္စ္တာနာ၊ ေရာ့ခ်္ေဒးလ္တို႔လို အသင္းေတြကိုသာ အႏုိင္ရရွိထားတာျဖစ္ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းဒုဥကၠဌ အက္ဒ္ဝုဒ္ဝဒ္က ဆုိးလ္ရွားကို စိတ္ရွည္သည္းခံေနရတာေၾကာင့္ စိတ္ဖိစီးေနေပမယ့္ ယူႏုိက္တက္ကြင္းလယ္ၾကယ္ပြင့္ မက္တြန္မ္ေနးက နည္းျပဆိုးလ္ရွားဟာ ၎ရဲ႕အျမင္ကို အသင္းမွာ ထည့္သြင္းႏုိင္ဖုိ႔အတြက္ အခ်ိန္ေပးျခင္းခံရလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

ေဒးဗစ္မုိရက္စ္၊ လူူးဝစၥဗန္ဟားလ္နဲ႔ ေမာ္ရင္ဟိုတုိ႔အားလံုးဟာ ဂႏၱဝင္နည္းျပႀကီးဆာအဲလက္စ္ဖာဂူဆန္ ၂၀၁၃ ခုႏွစ္မွာ အနားယူၿပီးေနာက္ အသင္းကို ေရရွည္တည္ၿငိမ္မႈရရွိေအာင္ ျပဳလုပ္ႏုိင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

Source: sportskeeda

“အသစ္ေရာက္လာတဲ့ နည္းျပအတြက္ အခ်ိန္ေတာ့ ယူရမွာပါ”

“ေနရာမွာ တည့္တည့္ကလစ္ႏွိပ္လုိက္ရံုနဲ႔ အရာအားလံုး ခ်က္ခ်င္းျဖစ္လာတာမဟုတ္ပါဘူး”

“ဆာအဲလက္စ္ထြက္ခြာၿပီးကတည္းက သင့္ေတာ္တဲ့နည္းျပ ရွာေဖြဖို႔အတြက္ အခ်ိန္ယူခဲ့ရၿပီး အုိလီက သင့္ေတာ္တဲ့နည္းျပလုိ႔ ကၽြန္ေတာ္ ယံုၾကည္ပါတယ္”လို႔ The Mirror ကို ေျပာၾကားခဲ့ပါတယ္။

[Unicode]

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် မက်တွန်မ်နေးဟာ ဖိအားတွေ ဝင်နေတဲ့နည်းပြ ဆိုးလ်ရှားဟာ အိုးထရက်ဖို့ဒ်မှာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့အမွေကို ဆက်ခံမယ့်နည်းပြဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ကြောင်း Mirror ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားရဲ့ ပထမဆုံးရာသီပြည့် တာဝန်ယူကိုင်တွယ်တဲ့ ရာသီသစ်အစမှာပဲ ခက်ခက်ခဲခဲရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ရာသီအစ ၆ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

Source: irishmirror
ဒါ့အပြင် ဖလားပြိုင်ပွဲမှာလည်း အက်စ်တာနာ၊ ရော့ချ်ဒေးလ်တို့လို အသင်းတွေကိုသာ အနိုင်ရရှိထားတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်က ဆိုးလ်ရှားကို စိတ်ရှည်သည်းခံနေရတာကြောင့် စိတ်ဖိစီးနေပေမယ့် ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် မက်တွန်မ်နေးက နည်းပြဆိုးလ်ရှားဟာ ၎င်းရဲ့အမြင်ကို အသင်းမှာ ထည့်သွင်းနိုင်ဖို့အတွက် အချိန်ပေးခြင်းခံရလိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

Source: sportskeeda

ဒေးဗစ်မိုရက်စ်၊ လူူးဝစ္စဗန်ဟားလ်နဲ့ မော်ရင်ဟိုတို့အားလုံးဟာ ဂန္တဝင်နည်းပြကြီးဆာအဲလက်စ်ဖာဂူဆန် ၂၀၁၃ ခုနှစ်မှာ အနားယူပြီးနောက် အသင်းကို ရေရှည်တည်ငြိမ်မှုရရှိအောင် ပြုလုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။
“အသစ်ရောက်လာတဲ့ နည်းပြအတွက် အချိန်တော့ ယူရမှာပါ”
“နေရာမှာ တည့်တည့်ကလစ်နှိပ်လိုက်ရုံနဲ့ အရာအားလုံး ချက်ချင်းဖြစ်လာတာမဟုတ်ပါဘူး”

“ဆာအဲလက်စ်ထွက်ခွာပြီးကတည်းက သင့်တော်တဲ့နည်းပြ ရှာဖွေဖို့အတွက် အချိန်ယူခဲ့ရပြီး အိုလီက သင့်တော်တဲ့နည်းပြလို့ ကျွန်တော် ယုံကြည်ပါတယ်”လို့ The Mirror ကို ပြောကြားခဲ့ပါတယ်။