ပထမဦးဆုံး EDM Festival ပွဲတွေသွားတဲ့အခါ အမှားမလုပ်မိတဲ့သူမရှိပါဘူး။ ဘယ်လိုအမှားတွေလုပ်မိလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်ကမတူနိုင်ပါဘူး ကိုယ့်အဝတ်အစားအရွေးမှားတာ ကြောင့်ပဲဖြစ်ဖြစ် မဝတ်သင့်တဲ့ Fancy တွေဝတ်မိတာပဲဖြစ်ဖြစ် ဒီလိုတွေနောက်တစ်ခါမဖြစ်အောင် သတိထားပြီးရှောင်သင့်တာရှောင် ဆောင်သင့်တာဆောင် ဖို့လိုပါတယ်။ သူများဆီကထူးထူးခြားခြားအကြည့်တွေမခံရအောင် Festivals သွားတဲ့သူတွေနဲ့လိုက်လျောညီထွေအောင်နေတတ်ဖို့လိုလာပါတယ်။ အခြားသူဝတ်တိုင်းလိုက်ဝတ်ရမယ်လို့မဆိုလိုပေမယ့် Festival နဲ့မသက်ဆိုင်တဲ့ ဝတ်ဆင်မှုတွေကိုရှောင်တတ်ဖို့တော့လိုပါတယ်။ ဒီခေါင်းစဉ်ပေါ်မူတည်ပြီး ဘယ်လိုကြည့်ကောင်းအောင်ဝတ်မလဲဆိုတဲ့ Do နဲ့ Don’t လေးတစ်ချို့ကိုပြောပြချင်ပါတယ်။

Source: Shutterstock

Street style တီရှပ်တွေထက် Branded တီရှပ်တွေကိုဝတ်ဆင်ပါ။
သစ်သားပုတီနဲ့လုပ်ထားတဲ့ Accessory တွေကိုဝတ်မယ့်အစား ငွေနဲ့လုပ်ထားတဲ့ Fancy ကိုဝတ်ဆင်ပါ။ Shutter Shades တွေဝတ်မယ့်အစား နေကာမျက်မှန်ကောင်းကောင်းကို တပ်ပါ။

Source: Shutterstock

အခြားသူနဲ့မတူ ကွဲထွက်တာမျိုးဝတ်ချင်ရင်တော့ ဟာသဖြစ်မယ့် Comedy Fancy Dress တွေဝတ်မယ့်အစား 70s လောက်ကခေတ်စားခဲ့တဲ့ ဖက်ရှင်ကိုဝတ်ပါ။
Mankini နဲ့သွားမယ့်အစား Shirtless နဲ့ ဘာင်းဘီတိုဝတ်ဆင်ပါ။

Source: Shutterstock

ကြည့်ရဆိုးတဲ့ Beggar Hat တွေဝတ်မယ့်အစား လျှာထိုးဦးထုပ် Baseball Hat ကို ဝတ်ပါ။
Flip-Flops တွေစီးမယ့်အစား Sandals ကြိုးသိုင်းဖိနပ်ကိုစီးပါ။
Backpack ကျောပိုးအိတ်တွေလွယ်မယ့်အစား Bumbag စလွယ်သိုင်းအိတ်အသေးမျိုးကိုလွယ်ပါ။