စိတ်ဖိစီးမှုတွေ ခံစားရဖို့ အကြောင်းပြချက်တွေ အများကြီးရှိတဲ့ အထဲမှာမှ အစားအသောက်ကြောင့်လည်း ပါဝင်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားလောက်ပါဘူး။ ဒါပေမယ့် တချို့ စိတ်ဖိစီးမှုတွေကတော့ တကယ်ကို အစားအသောက်တွေကနေတဆင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

Source: revita.bg

တကယ်တော့ တချို့အစားအသောက်တွေမှာ အဆိပ်အတောက်တွေ ပါဝင်နေပါတယ်။ ဒီလို အစားအသောက်တွေထဲက အဆိပ်အတောက်တွေ ခန္ဓာကိုယ်ထဲ စုပုံလာတဲ့အခါမှာတော့ စိတ်ဖိစီးမှုတွေ ဖြစ်လာတတ်ပါတယ်။

အစားအစာအားလုံးမှာ နဂိုမူလ အရသာတွေ ကိုယ်စီရှိကြပြီး အပူပေးလိုက်တဲ့အခါ ဒါမှမဟုတ် အအေးခံလိုက်တဲ့အခါမှာ မူလအရသာတွေ ပျောက်သွားတတ်ပါတယ်။ ဒါပြင် အစာချေဖျက်ပြီး ခန္ဓာကိုယ်က အာဟာရဓာတ်အဖြစ် သိုလှောင်တဲ့အခါမှာလည်း အာနိသင်ပြောင်းလဲသွားတတ်ပါသေးတယ်။

Source: healthywithstefan.com

မချက်ပြုတ်ရသေးတဲ့ အစားအစာနဲ့ ချက်ပြုတ်ပြီးသား အစားအစာတွေကို တပြိုင်တည်း စားလိုက်မယ်ဆိုရင် အစာမကြေဖြစ်နိုင်တဲ့အပြင် ခန္ဓာကိုယ်ကနေ အာဟာရဓာတ်ကိုလည်း ပြည့်ဝစွာ မစုပ်ယူနိုင်တော့ပါဘူး။ အစေ့အဆန်တွေကို ဟင်းသီးဟင်းရွက် အသားတွေနဲ့ စားသုံးသင့်ပြီး ကြက်ဥ နဲ့ ဟင်းသီးဟင်းရွက်တွေကို တွဲဖက်စားသုံးသင့်ပါတယ်။ အသီးအနှံတွေကို တခြားအရာတွေနဲ့ ရောပြီး စားမယ်ဆိုရင် အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်ကို ပိုမို ထုတ်လွှင့်စေတာကြောင့် သူ့ချည်းသက်သက် စားသုံးသင့်ပါတယ်။ ဒါ့ပြင် လတ်ဆတ်တဲ့ အစားအသောက်တွေနဲ့ အရင်နေ့က ကျန်ခဲ့တဲ့ အစားအသောက်တွေကို ရောနှောစားသောက်တာမျိုး ရှောင်ပါ။