ကွီး စာဖတ်ပရိသတ်တွေအတွက် သီချင်းတွေနဲ့ ပတ်သက်ပြီး ဂီတအမျိုးအစား အစုံအလင်၊ ရသအမျိုးအစား အစုံအလင်ကနေ တင်ဆက်နေလျက်ရှိပါတယ်။ ဂီတနဲ့ ပတ်သက်လို့ R&B ၊ Pop ၊ EDM စတာတွေကို အပြည့်အစုံတင်ဆက်ပေးနေတာကို သတိထားမိမှာပါ။

Source: thewallpaper.co

ဒီတစ်ခေါက်တော့ ပရိသတ်တွေအားလုံးကို Rock သီချင်းတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Rock သီချင်းအမျိုးအစားဆိုတာ လူတွေရဲ့ စိတ်ထွက်ပေါက်နေရာတစ်ခုအဖြစ် တည်ရှိနေခဲ့တယ်။ ကိုယ့်ရဲ့ ဒေါသတွေ၊ မောဟတွေကို Rock Music နဲ့ ဖြေဖျောက်လိုက်ရင် ပိုပြီး ပြေပျောက်သွားလေ့ရှိကြတယ်။

Source: markmanson.net

Rock Music ဆိုတာလည်း ပုံအမျိုးမျိုး သံစဉ်အမျိုးမျိုးနဲ့ တည်ရှိနေတတ်ကြပါသေးတယ်။ ဘယ်နှမျိုးတောင်တည်ရှိနေလဲဆိုရင် ယေဘုယျအားဖြင့် အသေအချာရေတွက်လို့မရပေမယ့် ကနဦးအပိုင်း ၁၉၆၀ခုနှစ်မှာတော့ Blues Rock ၊ Folk Rock ၊ Country Rock ၊ Raga Rock နဲ့ Jazz Rock ဆိုပြီး ကွဲထွက်လာတယ်လို့ သိရှိရပါတယ်။

Rock သီချင်းအမျိုးအစားတွေထဲမှာမှ ကျား ၊ မ မရွေးကြိုက်နှစ်အသက်ဆုံးကတော့ Blues Rock နဲ့ Country Rock ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်ကောင်းရသလဲ ဘာကြောင့် ကြိုက်နှစ်သက်ဆုံးဖြစ်နေရသလဲဆိုတာကို အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးဖြစ်တဲ့ ဒီသီချင်းတွေကို နားထောင်ရင် အဖြေရှာတွေ့နိုင်ပါတယ်။

The Thrill is Gone – B.B. King
Stone Crazy – Buddy Guy
I’m Tore Down – Freddie King
Still Got the Blues – Gary Moore
Mustang Sally – Wilson Pickett
Ball N’ Chain – Big Mama Thornton
Hoochie Choochie Man – Muddy Waters
Peaceful Easy Feeling – Eagles
Bad Moon Rising – Creedence Clearwater Revival
Amle – Pure Prairie League
Lay Lady Lay – Bob Dylan
Rodeo Rider – Gene Clark

အကောင်းဆုံးသီချင်းတွေကို ရွေးချယ်ပေးထားတာဆိုတော့ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်။