သီချင်းအေးအေးလေးတွေကို အသံအေးအေးလေးနဲ့ အဆိုတော်မီမီဝင်းဖေဟာ ပရိသတ်တွေရဲ့ နုလုံး သားထဲမှာ နှစ်ပေါင်းများစွာ နေရာယူထားတဲ့ အမျိုးသမီးတေးသံရှင်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့သီချင်းတွေက စိတ်ညစ်ညူးမှုတွေကိုသက်သာစေနိုင်သလို သူမရဲ့ငြိမ့်ညောင်းသာယာတဲ့အသံကြောင့်လည်း အမျိုးသား ပရိသတ်ကိုသာမက အမျိုးသမီးပရိသတ်တွေကိုလည်း ဆွဲဆောင်ထားနိုင်တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

မီမီဝင်းဖေရဲ့ဂီတသက်တမ်း

Source : Mie Mie Win Pe Page

       အဆိုတော်မီမီဝင်းဖေဟာ ဂီတလမ်းတလျှောက်မှာ သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ၀ါရင့်တေးသံရှင် တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ဂီတသက်တမ်းဟာနှစ်ပေါင်း (၃၀)ကျော် ကြာအောင်မြင်စွာ ဖြတ်သန်းနေဆဲဖြစ်ပါ တယ်။

Solo Concert ပွဲကြီးအကြောင်း

Source : Mie Mie Win Pe Page

ဂီတသက်တမ်းနှစ်ပေါင်း (၃၀)ကျော် ရှိနေပြီ ဖြစ်တဲ့ အဆိုတော်မီမီဝင်းဖေရဲ့ Solo Concert ပွဲကြီးကို ယခုလ ၂၅ရက်နေ့မှာ ခမ်းနားစွာ ကျင်းပတော့မှာပဲဖြစ်ပါတယ်။ သူမရဲ့မူလစတိုင်အတိုင်း အေးဆေးတည်ငြိမ် စွာနဲ့ ဖျော်ဖြေသွားမှာဖြစ်ပြီး ဖက်ရှင်နဲ့ပါဖောမန့်ပိုင်းတွေ မပါဘူးလို့သိရပါတယ်။

ပါဝင်အားဖြည့်ပေးမယ့် တေးသံရှင်များ

Source : Mie Mie Win Pe Page

အဆိုတော်မီမီဝင်းဖေရဲ့ Solo Concert ပွဲကြီးကို ပါဝင်အားဖြည့်ပေးမယ့် အနုပညာရှင်တွေရှိပေမယ့် သူမကတော့ ထုတ်ဖော်ကြေညာခြင်းမရှိပဲ ပွဲရောက်မှရင်ခုန်နိုင်ဖို့အတွက် စီစဉ်ထားပါတယ်။ တကိုယ်တော် ဖျော်ဖြေပွဲဖြစ်တဲ့ အတွက် သီချင်းအများစုကို မီမီဝင်းဖေတစ်ဦးတည်းကသာ သီဆိုဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

အချိန်နဲ့နေရာ

Source: Mie Mie Win Pe Page

မီမီဝင်းဖေရဲ့ Solo Concert ပွဲကြီးကို ရန်ကုန်မြို့၊ Sky Star Hotel (Ball Room) မှာ Augustလ၊ ၂၅ရက်၊ ည-၇နာရီမှာ ကျင်းပသွားမှာပဲဖြစ်ပါတယ်။ ပွဲလက်မှတ်ဈေးနှုန်းတွေက (၅၀၀၀၀)ကျပ်၊(၃၀၀၀၀)ကျပ်၊ (၂၀၀၀၀)ကျပ်တို့ အဖြစ်သတ်မှတ်ထားကြောင်း သိရှိရပါတယ်။ သီချင်းအေးအေးလေးတွေကြိုက်တဲ့ ပရိသတ် ကြီး အတွက် သတင်းကောင်းပါးလိုက်ပါတယ်နော်။