တက်တူးထိုးခြင်းကို လူတိုင်းနီးပါး နှစ်သက်သဘောကျတတ်ကြပါတယ်။ တချို့အမျိုးသားများဟာ ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခုကို တစိုက်မတ်မတ် လုပ်ဆောင်တတ်ကြပါတယ်။ ဒီလိုအမျိုးသားများ တက်တူးကို စိတ်ဝင်တစားခန္ဓာကိုယ်မှာထိုးချင်လာတဲ့အခါ ဘယ်လိုတက်တူးဒီဇိုင်းမျိုးကို ရွေးချယ်ကြမလဲ။

အပြေးသမားပုံတက်တူးဒီဇိုင်း

Source: Next Luxury

ပြေးနေတဲ့ယောက်ျားတစ်ယောက်ရဲ့ ဟန်အမူအရာကိုယူထားတဲ့ တက်တူးဒီဇိုင်းတွေကလည်း ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းတွေပဲဖြစ်ပါတယ်။

Golf ရိုက်ပုံတက်တူးဒီဇိုင်း

Source: Pinterest

Golf ရိုက်တဲ့အားကစားနည်းကို အမျိုးသားအများစုက နှစ်သက်စွာကစားလေ့ရှိကြပါတယ်။ ခန္ဓာကိုယ်မှာ တက်တူးအလန်းနဲ့ စတိုင်ကျချင်တဲ့အခါ Golf နဲ့ပတ်သက်တဲ့ တက်တူးဒီဇိုင်းတွေကို ရွေးချယ်သင့်ပါတယ်။

Gym ကစားနေပုံတက်တူးဒီဇိုင်း

Source: Tumblr

အရမ်းကိုဆန်းသစ်ပြီး လူကြိုက်များတဲ့တက်တူးဒီဇိုင်းလေးတစ်ခုဖြစ်ပါတယ်။ ခေတ်မီတဲ့အမျိုးသားတစ်ယောက်ရဲ့ နေ့စဉ်ဘဝထဲမှာ Gym ကစားခြင်းဟာ အဓိကကျတဲ့အရာတစ်ခုဖြစ်နေပြီဖြစ်ပါတယ်။

သေနတ်ပုံတက်တူးဒီဇိုင်း

Source: tattooswin.com

အမျိုးသားအများစု ဝါသနာပါတတ်ကြတဲ့ အားကစားနည်းတစ်မျိုးကတော့ သေနတ်ပစ်အားကစားနည်းပဲဖြစ်ပါတယ်။ တချို့အမျိုးသားများဟာ သေနတ်ပစ်ကွင်းမှာ နည်းစနစ်ကျသင်ယူပြီး အားလပ်ချိန်တွေမှာ အပန်းဖြေလေ့ရှိကြပါတယ်။ သေနတ်ပုံဒီဇိုင်းနဲ့ တက်တူးတွေဟာလူကြီး၊ လူငယ်မရွေး သဘောကျနှစ်သက်တဲ့ ပုံအဆန်းများပဲဖြစ်ပါတယ်။