ဘောလုံးဆိုတာ အားကစားနည်းတစ်ရပ်သာသာပါပဲဆိုတဲ့ အဆိုဟာ အလုံစုံတော့မမှန်ကန်ပါဘူး။ ဘောလုံးဆိုတာ လူတွေကို အံသြပျော်ရွင်ဝမ်းနည်းစရာတွေကို ပေးတတ်တဲ့ အနုပညာတစ်ခုပါပဲ။ စီးပွားရေးလုပ်ငန်းတစ်ခုဆိုလည်းမမှားပါဘူး။ ဘောလုံးအသင်းတွေဝယ်ပြီး စီးပွားရှာကြတဲ့လူတွေရှိပါတယ်။ စီးပွားရေးလုပ်တယ်ဆိုတာကလည်း အကြွေးရှိမှ ပြည့်စုံတာလေ။ (၂၀၁၈) ခုနှစ်အတွက် အကြွေးအထူဆုံး ကလပ်အသင်း သုံးသင်းကိုလည်း ကွီးမှ ဖော်ပြပေးလိုက်ရပါတယ်။

1. Manchester United –  အကြွေး ဒေါ်လာသန်း 570

Source: sillyseason.com

မန်ချက်စတာယူနိုက်တက်ဟာ ကမ္ဘာ့ပေါ်မှာ ပရိသက်အများဆုံးအသင်းပါ။ အင်္ဂလန်မှာလည်း အအောင်မြင်ဆုံးအသင်းတစ်သင်းလို့ပြောလို့ရပါတယ်။ ရုပ်သံထုတ်လွင့်ခ၊ ကွင်းဝင်ကြေး၊ အကျီင်္ရောင်းချရမှုကနေ အမြတ်ငွေအများအပြားရရှိနေတာလည်းဖြစ်ပါတယ်။ မန်ယအသင်းရဲ့ ရှယ်ယာအများဆုကိုတော့ ဂလေဇာမမိသားစုက ပိုင်ဆိုင်တာဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့တော့ လွန်ခဲ့တဲ့သုံးလေးနှစ်အတွင်း  အောင်မြင်မှုအချို့နဲ့ဝေးကွာခဲ့ပါတယ်။  အကြွေးတွေလည်း မြင့်တတ်လာခဲ့ပါတယ်။ အကြွေးအများဆုံးစာရင်မှာတော့ နံပါတ်တစ်နေရာမှာရပ်တည်နေပါတယ်။

2. SL Benfica- $351 သန်း

Source: sillyseason.com

ပေါ်တူဂီကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘင်ဖီကာအသင်းဟာလည်း အကြွေးများစွာရှိနေပါတယ်။ သူတို့ရဲ့အောင်မြင်မှုဟာ အထိုက်အလျောက်မျှသာဖြစ်ပြီး အကြွေးတော့များစွာတင်နေတာပါ။

3. Inter Milan-$325 သန်း

Source: sillyseason.com

အင်တာမီလန်အသင်းဟာလည်း အကြွေးများစွာရှိပါတယ်။ ယခင်အောင်မြင်မှုတွေကို ဆာလောင်နေခဲ့တဲ့ အင်တာမီလန်အသင်းဟာ ယခုအချိန်မှာတော့ ချန်ပီယံလိဂ်ဝင်ကန်ခွင့်ရဖို့တောင် မနည်းကြိုးစားနေရတာပါ။ အင်တာမီလန်အသင်းရဲ့ ပိုင်ရှင်အပြောင်းအလဲတွေကြားမှာ အသင်းဟာ အကြွေးပိုထူသွားတာပါ။