လူတိုင်းမှာ ဘဝရည်မှန်းချက်ပန်းတိုင်တွေရှိကြပါတယ်။ တချို့လူတွေက ရည်မှန်းချက်ဆီကို ခက်ခက်ခဲခဲသွားနေရချိန်မှာ လူတချို့ကတော့ အလွယ်တကူရောက်သွားနိုင်ပါတယ်။ နည်းလမ်းကောင်းတွေတော့ တွေ့အောင်ရှာရမှာပေါ့လေ။

မှတ်တမ်းရေးပါ

Source: icrc.org

တစ်နေ့တာကုန်ဆုံးသွားတာနဲ့ တစ်နေ့လုံးဖြစ်ပျက်ခဲ့သမျှကို စာအုပ်မှာချရေးလိုက်ပါ။ ကိုယ်ဘာတွေလုပ်ခဲ့တယ်။ ဘာတွေလုပ်ရအုံးမယ်ဆိုတာမျိုးကို ရှင်းရှင်းလင်းလင်းသိနေပါစေ။ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို သိမှပြင်ဆင်စရာရှိတာတွေကို ပြင်နိုင်မှာပါ။

အားပေးပါ

Source: qiblog.emperors.edu

တခြားသူကိုမဟုတ်ဘဲ မိမိကိုယ်ကိုအားပေးပါ။ တစ်ခုခုအဆင်မပြေတာကြုံလာတဲ့အခါ ဘယ်တော့မှကိုယ့်ကိုကိုယ် အပြစ်မတင်လိုက်ပါနဲ့။ ကိုယ့်ကိုကိုယ်အားပေးနေသရွေ့ စိတ်ဓာတ်ကျဖို့ဆိုတာမဖြစ်နိုင်ပါဘူး။

ဆင်ခြေတွေမပေးပါနဲ့

Source: Freepik.com

လုံ့လဝီရိယစိုက်ထုတ်တဲ့အခါမှာ အင်တိုက်အားတိုက်ရှိပါစေ။ ကြိုးစားစရာရှိလျင် အစွမ်းကုန်ကြိုးစားပါ။ ကြိုးစားအားထုတ်မှုမရှိ၊ ပျင်းရိနေပြီး တခြားကြားကောင်းတဲ့ ဆင်ခြေအမျိုးမျိုးတွေ မပေးမိပါစေနဲ့။