ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးစတီဖင်ဟော့ကင်းဟာ ၂၀၁၈ခုနှစ်ရဲ့ အစောပိုင်းမှာကွယ်လွန်အနိစ္စ ရောက်ခဲ့ပါတယ်။ သူ့ရဲ့ ကွယ်လွန်မှုအတွက် ကမ္ဘာနဲ့ တ၀ှမ်းက လူပေါင်းများစွာကနုမျှောတသ ၀မ်းနည်းခဲ့ ကြရပါတယ်။

 

Source: TreeHugger

ကွယ်လွန်သူကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးစတီဖင်ဟော့ကင်းကိုဂုဏ်ပြုသောအားဖြင့် တေးအယ်လ် ဘမ်တစ်ခုကိုမကြာခင် ထုတ်လုပ်ဖြန့်ချီတော့မှာ ဖြစ်ပါတယ်။ စတီဖင်ဟော့ကင်းကလူသားတွေရဲ့ အကျိုးကိုစွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပုံအကြောင်းကိုဂုဏ်ပြု စပ်ဆိုထားတဲ့ သီချင်းတွေ ပါဝင်ပါတယ်။

 

Source: LooMee TV

ကမ္ဘာကျော်သိပ္ပံပညာရှင် စတီဖင်ဟော့ကင်းကိုဂုဏ်ပြုစီစဉ်တဲ့ တေးအယ်လ်ဘမ်ရဲ့ အမည်က‘ It’s About Time’ ပဲဖြစ်ပါတယ်။ အသက် (၆၅)နှစ် အရွယ် ဓာတ်ပြားထုတ်လုပ်သူနိုင်းလ်ရော်ဂျားစ်ကစီစဉ်ခဲ့တာ ဖြစ်ပါတယ်။

 

Source: Female First

စတီဗင်ဟော့ကင်းအတွက် ဂုဏ်ပြုတေးအယ်လ်ဘမ်ကို စီစဉ်ထုတ်ဝေမည့် သူတစ်ဦးဖြစ်တဲ့ ဓာတ် ပြားထုတ်လုပ်သူနိုင်းလ်ရော်ဂျားစ်ဟာဂုဏ်ပြုတေးအယ်လ်ဘမ် ပေါင်းများစွာကိုထုတ်လုပ်ဖြန့်ဝေခဲ့သူ တစ် ဦး ဖြစ်ပါတယ်။

 

Source: North East Connected

စီစဉ်သူနိုင်းလ်ရော်ဂျားစ်ဟာကမ္ဘာကျော်ပုဂ္ဂိုလ် တွေအတွက် ဂုဏ်ပြုတေးအယ်လ်ဘမ် တွေကို စီစဉ်ထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်းကင်ဆာရောဂါကိုနှစ်ခါပြန် ခံစားခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။