လူတိုင်းရဲ့ ကိုယ်စီ ဆန္ဒတွေထဲမှာ အောင်မြင်မှုဆိုတဲ့ အရာကတော့ ထိပ်ဆုံးမှာ ပါရှိနေကြပါတယ်။ ဘယ်လို နယ်ပယ် ဘယ်လိုနေရာတွေမှာ လုပ်ကိုင်ကြပါစေ လူတိုင်းရဲ့ အောင်မြင်ချင်တဲ့ဆန္ဒတွေကတော့ အတူတူပါပဲ။ အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ကို ရောက်ရှိဖို့အတွက် ဆောင်ရွက်ရမယ့် လုပ်ဆောင်ချက်တွေကလည်း ထိုနည်းအတူပါ။

ဘယ်လိုတွေ ကွဲပြားခြားနားကြပါစေ။ ကြိုးစားရမှာ၊ အားစိုက်ရမှာ၊ ဝီရိယထားရမှာတွေကတော့ အောင်မြင်ချင်သူတိုင်း လုပ်ဆောင်ရမယ့်အချက်တွေပါ။ ဒီလိုဆိုရင် အောင်မြင်မှုဆီရောက်ဖို့ ဘယ်လို သွားကြမလဲ။

ပစ္စည်း ကိရိယာတွေကို သိပ်အားမကိုးပါနဲ့ 

Source: i.ytimg.com

ဥပမာအားဖြင့် ဒီဘက်ခေတ်မှာ ဖုန်းကို လူတွေက အသုံးများကြတဲ့အတွက် နေ့ရက်တိုင်းဟာ ဖုန်းထဲမှာ ချည်း ပိတ်မိနေတာမျိုးတွေ မဖြစ်ပါစေနဲ့။ ပြင်ပလောကနဲ့ ထိတွေ့ပါ။ ပန်းခြံထဲ လမ်းလျှောက်တာမျိုး ၊ လေကောင်းလေသန့်ရှူတာမျိုးနဲ့ စိတ်တွေ လန်းဆန်းနေအောင်ထားပေးမှသာ အနာဂါတ်အတွက် အလုပ်အတွက် အစီအစဉ်ကောင်းတွေ ရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။

မာနထောင်လွှားခြင်းမပြုပါနဲ့

Source: encrypted-tbn0.gstatic.com

ခေါင်းဆောင်ကောင်းတိုင်းဟာ သူတို့ အရာအားလုံး တော်နေ တတ်နေတဲ့သူတွေ မဟုတ်ဘူးဆိုတာ နားလည်လက်ခံကြပါတယ်။ ဒါပေမယ့် သူတို့ဟာ အမြန်ဆုံး နဲ့ အမှန်ကန်ဆုံး နည်းလမ်းဟာ ဘာလဲ ဆိုတာကိုတော့ ကောင်းကောင်းကိုင်တွယ် နိုင်ကြပါတယ်။ သူတို့ နောက်လိုက်တွေဆီက တိကျမှန်ကန်တဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ သတင်းအချက်အလက်တွေကြား အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ဆောင်ရွက်နိုင်သူတွေပါ။

နောက်လိုက်တွေဆီက ဘာတွေယူပြီး  ဘာတွေ ပြန်ပေးရမယ်ဆိုတာ ကောင်းကောင်းကြီး သဘောပေါက်သူတွေလည်း ဖြစ်ပါတယ်။အစစအရာရာ တော်နေတတ်နေတာ မဟုတ်ပေမယ့် လုပ်ငန်းဆောင်ရွက်မှုမှာ အကောင်းဆုံး အဖြေကို ရှာနိုင်သူဟာ ခေါင်းဆောင်ပဲဖြစ်ပါတယ်။ သူတို့ဟာ မာနထောင်လွှားခြင်းမရှိပဲနဲ့ ဘယ်လို ဆုံးဖြတ်ဆောင်ရွက်ရမလဲဆိုတာကို ကောင်းကောင်း နားလည်သူတွေပဲဖြစ်ပါတယ်။

ဘယ်တော့မှ အရှုံးမပေးပါနဲ့

Source: www.parhlo.com

အောင်မြင်သူတွေဟာ ဘယ်တော့မှ အရှုံးပေးရပ်တန့်လိုက်တာမျိုး မလုပ်တတ်ကြပါဘူး။ အဓိကက ပြသနာရဲ့ အဖြေကိုရှာပါ။ ကိစ္စတစ်ခုကို ဖြေရှင်းဖို့အတွက် နည်းလမ်းက တမျိုးတည်းမဟုတ်ပါဘူး။ နည်းလမ်းအမျိုးမျိုးကို စဉ်းစားနိုင်မယ်ဆိုရင် သင်ဟာ ဘယ်ပြသနာတွေ ဘယ်လို ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေပဲ လာလာ အလွယ်တကူ ကျော်လွှားဖြေရှင်းနိုင်သူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။

အကောင်းမြင်တတ်သူများနဲ့ ပေါင်းသင်းဆက်ဆံပါ

Source: brandcdn.exacttarget.com

အကောင်းမြင်တတ်သူနဲ့ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေသူတွေကိုသာ အနားမှာထားပါ။ ဒီအတွက် သင်ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး။ အဆိုးမြင်သူတွေရဲ့ သူတို့ကိုယ်တိုင် ပူတဲ့အပူနဲ့အတူ နံဘေးက လူတွေကိုပါ လိုက်လောင်စေတတ်တဲ့ လူမျိုးတွေဟာ သင့်ရဲ့ နေ့ရက်နဲ့ အချိန်တွေကို နောက်ကျိ ရှုပ်ထွေးစေပါတယ်။သင့်ရဲ့ စိတ်လက်ကြည်သာနေမှသာ အောင်မြင်မှုဆီကို ရောက်ဖို့ စိတ်ဓာတ်ခွန်အား နဲ့ လူခွန်အား အပြည့်ရှိနေမှာဖြစ်ပါတယ်။