လူရယ်လို့ ဖြစ်လာပြီဆိုရင် ပေါင်းသင်းဆက်ဆံရေးကလည်း ဒွန်တွဲပြီး ပါလာပါတယ်။ ဘယ်လောက်ပဲ အရေးမကြီးပါဘူးလို့ မျက်နှာလွှဲထားပါစေ ပေါင်းသင်းဆက်ဆံရေးဆိုတာ ဘဝရဲ့ တချို့အရာတွေအတွက်တော့ အရေးပါအရာရောက်နေဆဲပါပဲ။ ကောင်းတဲ့ အရာတွေကို ယူဆောင်လာတတ်သလို ဆိုးတဲ့အရာတွေကိုလည်း ဘဝထဲကို ပို့ဆောင်ပေးတတ်တာ ပေါင်းသင်းဆက်ဆံရေးပါပဲ။

အဆိပ်လိုလူတွေ

Source: Short Status Quotes

ဘဝမှာ အဆိပ်လိုလူတွေ ရှိပါတယ်။ အဆိပ်လိုလူတွေ ဘဝထဲရောက်နေပြီဆိုရင်တော့ အဲဒါ အကြီးမားဆုံးအနှောင့်အယှက်တွေပါပဲ။ အဆိပ်လိုလူတွေကို ဘဝထဲက ထုတ်ပစ်ရပါမယ်။ ဘဝထဲ ဒီလိုလူတွေ ရောက်မလာအောင်လည်း ကာကွယ်ထားရပါမယ်။

အဆိပ်လိုလူဆိုတာ ဘယ်လိုလူလဲ။

Source: knowyourcompany.com

အချို့သူတွေဟာ လောကကြီးကို အချိန်ပြည့် ညည်းညူအပြစ်တင်ပြီး အဖျက်သဘောစွမ်းအင်တွေ ထုတ်လွှင့်လေ့ရှိပါတယ်။ အောင်မြင်ချင်တယ်ဆိုရင်တော့ အဲဒီလို အဆိပ်အတောက် ဖြစ်စေမယ့်သူတွေကို ဝေးဝေးရှောင်ဖို့လိုပါတယ်။

အဆိပ်လိုလူတွေက ဘယ်လိုစိတ်အနှောင့်အယှက်ပေးတာလဲ။

Source: HuffPost

တကယ်တော့ မိတ်ဆွေအပေါင်းအသင်းဆိုတာ ကိုယ့်အကျိုး သူ့အကျိုးလိုလားသူတွေပါ။ တစ်ယောက်ကိုတစ်ယောက် ကောင်းတဲ့ကိစ္စတွေပဲ ပြောဆိုလုပ်ဆောင်ပြီး မကောင်းတဲ့ကိစ္စတွေဆိုရင် တားဆီးပိတ်ပင်တဲ့သူကို မိတ်ဆွေလို့ခေါ်တာပါ။ အဆိပ်လိုလူတွေကတော့ ဘဝမှာ မိတ်ဆွေယောင်ဆောင်ပြီး ကိုယ့်ကို မကောင်းတဲ့အရာတွေဆီ တွန်းပို့တဲ့သူပဲ ဖြစ်ပါတယ်။