ဆေးလိပ်ရဲ့ဆိုးကျိုးတွေကြောင့် ဆေးလိပ်ဖြတ်ချင်ပေမယ့် ချက်ခြင်းကြီးဖြတ်ပစ်ဖို့ကလည်း ခက်ခဲနေတယ်ဆိုတဲ့ အမျိုးသားတွေအတွက်နည်းလမ်းကောင်းတစ်ခုကို ပြောပြပေးချင်ပါတယ်။
အီစီးကရက် (Electronic Vaping) ဆိုတာ ဘာလဲ။
Source: E-Cig Reviews
ဆေးလိပ်ဖြတ်ရာမှာ အသုံးပြုတဲ့ဆေးလိပ်အစားထိုးတစ်ခုဖြစ်ပါတယ်။ အသီးအနှံများရဲ့ရနံ့၊ အရသာနဲ့ ဆေးရည်ကိုဖော်စပ်ထားပြီး ဆေးလိပ်ဖြတ်ရာမှာ လွယ်ကူစေပြီး သင့်ကိုလည်းစတိုင်ကျစေမှာပါ။
ဘယ်လိုအသုံးပြုမလဲ။
Source: The Vape Guide
ကြိုက်နှစ်သက်ရာဆေးရည်ကိုထည့်ပြီး ဆေးလိပ်အစားထိုးအသုံးပြုရတာဖြစ်ပါတယ်။ ဘတ်ထရီပါဝင်ပြီး အသုံးပြုရတာလွယ်ကူပါတယ်။
ဘယ်လိုထိန်းသိမ်းရမလဲ။
Source: etsy.com
ဘတ်ထရီနဲ့ Atomizer အတွင်းပိုင်းကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးပါ။ အတွင်းပိုင်းထဲကို ဆေးရည်နဲ့ဖုန်တွေမ၀င်လျှင် ကြာရှည်အသုံးခံနိုင်ပါတယ်။
အီးစီးကရက်နှင့် ကျန်းမာရေး
Source: kcur.org
လေ့လာမှုတစ်ခုအရ အီးစီးကရက်တွေမှာ ကင်ဆာဖြစ်ပွားမှုအန္တရာယ်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ တန်ဆေးလွန်ဘေးဆိုတာ ကိစ္စရပ်တိုင်းမှာရှိတဲ့အတွက် သတိထားအသုံးပြုသင့်ပါတယ်။