ရော်နယ်ဒိုဆိုတာ ဘောလုံးလောကမှာ ယနေ့အချိန်ထိသူရဲကောင်းပါပဲ။ မန်ယူမှာ လင်းလက်ခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်ဟာ ရီးရဲလ်မှာအထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး ယနေ့အချိန်မှာတော့ဂျူဗီမှာအကောင်းဆုံး ပုံစံတွေနဲ့ကစားတွေတာဖြစ်ပါတယ်။ ကြိုးစားမှု၊ ဇွဲ၊ လုံလတွေ ပေါင်းစည်းနေတဲ့ ရော်နယ်ဒိုဟာ ဘောလုံးချစ်ပရိသတ်တွေအတွက်တော့ စံနမှုနာပါပဲ။ တုံးတိုက်တိုက်၊  ကျားကိုက်ကိုက်စိတ်မျိုး ကြိုးစားတတ်တဲ့ ရော်နယ်ဒိုရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်တွေကတော့

(၁) သူဟာ အရက်မသောက်၊ ဆေးလိပ်လည်းမသောက်တတ်တဲ့ကစားသမားတစ်ယောက်ပါ။ ကိုယ်ခံကျန်းမာရေးကို အမြဲအရေးစိုက်တတ်ပြီး ခဏခဏသွေးလှူလေ့ရှိတာကြောင့် တတ်တူးတောင်မထိုးထားပါဘူး။

(၂) သူရဲ့ နာမည်အရင်းကတော့ “ CRISTIANO RONALDO DOS SANTOS AVEIRO” ဖြစ်ပါတယ်။ သူဟာအမေရိကန်သမ္မတတစ်ယောက်ရဲ့နာမည်နဲ့ သူ့အဖေအရမ်းကြိုက်လွန်းတဲ့ရုပ်ရှင်သရုပ်ဆောင်ရဲ့နာမည်ကိုအစွဲပြုပြီး ပေးထားတာပါ။

Source:99imageshd.com

(၃) သူဟာ အသက် (၁၁) နှစ်အရွယ်လောက်ကစပြီး နည်းပြတွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အ၀ရရှိခဲ့တာပါ။

(၄) သူရဲ့ပြေးနှုန်းဟာလည်းတော်တော်လေးကောင်းမွန်ပါတယ်။ အပြေးသမားတစ်ယောက်ရဲ့ စံချိန်ကိုတောင်ကျော်လွန်ပြီး ပြေးနိုင်ပါတယ်။ ဒါဟာလည်း သူ့ကြိုးစားမှုရဲ့ ရလာဒ်တွေပါ။

(၅) သူဟာ NBA ဘက်စကတ်ဘောကစားသမားတစ်ယောက်ထက်တောင်ပိုပြီး အမြင့်ခုန်နိုင်ပါသေးတယ်။ သူအမြင့်ခုန်ပြီးသွင်းခဲ့တဲ့ ဂိုးတွေက ကျနော်တို့ကို ပျော်ရွင်ရင်ခုန်စေခဲ့ပါတယ်။

Source: 99imageshd.com

(၆) သူရဲ့ ခန္ဓာကိုယ်မှာ အဆီ ဆယ်ရာခိုင်နှုန်းပဲရှိပါတယ်။ ကျန်တာအကုန်ကြွက်သားတွေကြီးပါပဲ။ အစားအသောက်အနေအထိုင်ကအစ ဆင်ခြင်တာဖြစ်ပြီး လေ့ကျင့်ခန်းလည်း ပြင်းပြင်းထန်ထန်လုပ်တဲ့ရော်နယ်ဒိုဟာ ကွင်းတွင်းမှာ သရဖူဆောင်းနိုင်ဖို့အတွက် အပြင်က ပြင်းပြင်းထန်ထန်လေ့ကျင့်တတ်သူတစ်ယောက်ဖြစ်ပါတယ်။

Source: 9imageshd.com

(၇) သူရဲ့တစ်နေ့ဝင်ငွေကလည်း မနည်းမနှောပါဘဲ။ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားထက်တောင် ငွေပိုရှာနိုင်တယ်ဆိုပြီး ကျီစယ်ကြပါတယ်။