ဂီတာဆိုတာက သီချင်းတွေကို သီဆိုနေတဲ့ အဆိုတော်တွေအတွက်တော့ မရှိမဖြစ်နီးပါးကို အရေးပါးတဲ့ ကိရိယာတစ်ခုဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အခုလိုမျိုးပဲ ဂီတာဆိုတာက တီးဝိုင်းသမားတွေပဲ တီးခတ်ကြတာထက် အဆိုတော်တွေကိုယ်တိုင်ကလည်း သီဆိုဖျော်ဖြေနေတဲ့အချိန်မှာ တီးခတ်လာကြပါတယ်။

အဲ့ဒီလိုမျိုး ဂီတာအသီးသီးနဲ့ သီဆိုဖျော်ဖြေနေတဲ့အဆိုတော်တွေထဲက ကိုယ်ပိုင်အဆန်းပြားဆုံးဂီတာပိုင်ရှင်တွေနဲ့ သူတို့ရဲ့ ဂီတာတွေကိုဖော်ပြပေးလိုက်ပါတယ်။

1. Rick Nielsen ရဲ့ Five-necked guitar

ပြီးခဲ့တဲ့ ၁၉၇၀ နဲ့ ၈၀ ခုနှစ်တွေတုန်းက Rick Nielsen က သူရဲ့ Five-necked guitar ကြောင့် လူသိများခဲ့တာပဲဖြစ်ပါတယ်။ သူဟာ အဆိုပါ ဂီတာ ၅ ချောင်းလုံးကိုလည်း ပိုင်နိုင်စွာတီးခတ်တတ်သူတစ်ယောက်ဖြစ်ပြီးတော့ အစတုန်းက သူက Six-necked guitar ကို ပြုလုပ်ဖို့ စိတ်ကူးခဲ့တာလို့ သိရပါတယ်။

2. Lita Ford ရဲ့ Monkey Train

ယခင်တုန်းက The Runaways ဂီတအဖွဲ့ရဲ့ Lead Guitarist ဖြစ်တဲ့ Lita Ford က နောက်ပိုင်း ၈၀ ခုနှစ်တွေမှာ တကိုယ်တော်စတင်လှုပ်ရှားခဲ့တာဖြစ်ပြီး သူမရဲ့ Rock သီချင်းတွေနဲ့အတူ Monkey Train လို့ နာမည်ပေးထားတဲ့ သူမရဲ့ ဂီတာကလည်း မပါမဖြစ်ဖြစ်ခဲ့ပါတယ်။

3. Zakk Wylde ရဲ့ Graveyard Disciple

Zakk Wylde ကတော့ သူရဲ့ လက်ဆွဲတော် ဂီတာကိုနောက်အဆင့်တစ်ခုအထိ ယူဆောင်သွားခဲ့ပြီးတော့ “Bo Deadly” လို့ နာမည်ပေးထားတဲ့ ခေါင်းတလားပုံစံဂီတာကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး ဒီဇိုင်းကိုလုပ်ဖို့ အကြံရသွားတာကလည်း သူ့ရဲ့ ကြော်ငြာကုမ္ပဏီတစ်ခုကနေ သူ့ကို ခေါင်းတလားနဲ့ အပြည့် သကြားလုံးတွေထည့်ပေးခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

4. Gene Simmons’s Axe Bass

ဒီဂီတာကတော့ မြင်တာနဲ့ကြောက်စရာကောင်းတဲ့ ဂီတာတစ်ခုပါ။ KISS အဖွဲ့မှာ Demon ဆိုပြီး လူသိများတဲ့ Simmon ကတော့ သူရဲ့ တော်တယ်လို့ လူသိများတဲ့ Bass ဂီတာကို မြင်တာနဲ့ ဟန့်သွားစေမယ့် ပုဆန်ပုံစံ ပြုလုပ်ပြီး ၁၉၈၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Show တွေမှာ ဖြေဖျော်ခဲ့တာပဲဖြစ်ပါတယ်။