Styling တွေအမျိုးမျိုးထဲမှာမှ Street Style ဟာ Rules and Regulations နည်းပြီး စိတ်ကြိုက်ဖန်တီးဝတ်ဆင်လို့အကောင်းဆုံးပါ။ Street Style Star လို့ပြောလိုက်ရင် Public Figure ဖြစ်တဲ့ Cele တစ်ချို့ရယ် Fabulous ဖြစ်တဲ့ ဖက်ရှင် Bloggers တွေ မျက်စိထဲပြေးမြင်မိပါတယ်။ သို့ပေမယ့် နိုင်ငံတကာမှာ ထိုကဲ့သို့ ဖက်ရှင် Bloggers အများစုဟာ အမျိုးသမီးတွေများပါတယ်။ အမျိုးသားတွေအတွက် ဒီလို Inspiration ပေးနိုင်မယ့် Street Fashion Blog တွေဟာ ဘာလို့ရှားနေတာလဲဆိုရင်တော့ Fashion သို့ Modelling တွေနဲ့ အသက်မွေးနေတဲ့ အမျိုးသားတွေသာ ဒီဖက်ရှင်ပိုင်းကို အားသန်ကြလို့ပါ။

Source: Shutterstock

ခေတ်စားလာတဲ့ ဖက်ရှင်ဒီဇိုင်းအများစုဟာ Weekly Fashion Runways ပေါ်မရောက်ခင် Street Style အဖြစ်ခေတ်စားပြီးသားလို့ပြောရမှာပါ။ အဲ့ဒီနောက်ပိုင်းမှ Trend အဖြစ် ရေပန်းစားလာဖြစ်ပါတယ်။ ဒါကြောင့် Trend မဖြစ်ခင် သူများထက်ဦးအောင်ဝတ်ချင်ရင်တော့ Male Street Style နဲ့ပတ်သက်တဲ့ အခုလို ဆောင်းပါး တွေ Blog တွေကနေ လေ့လာတတ်ဖို့တော့ လိုပါတယ်။ Men Wear တွေဟာ Stylish ဖြစ်ရုံတင်မကဘဲ ယနေ့ခေတ်မှာ Wild ဖြစ်လာပြီး Bold Color အပြင် Jaunty Accessories တွေကိုပါ ဝတ်ဆင်လာကြတာကို တွေ့ရပါတယ်။ အမျိုးသားတိုင်းသိသင့်တဲ့ Street Style နဲ့ပတ်သက်တဲ့ အချက်တွေကို ဝေမျှပေးလိုက်ပါတယ်။

Source: Shutterstock

Elegant ကို ဦးစားပေးချင်ရင် ခေါင်းအစ ခြေအဆုံး အရောင်တစ်ရောင်ထဲ ဝတ်ပါ။

Print-Mixing ဒီဇိုင်းတိုင်းကို ရဲဝံ့စွာဝတ်ပါ။

Formal Wear ဆိုရင်တောင် Modernize ဖြစ်အောင်ဝတ်ဆင်ပါ။

Source: Shutterstock

Personality ကို သွေးပေးနိုင်တဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်ပါ။

အမြဲ Fresh ဖြစ်စေမယ့် Look ကို ပဲဦးစားပေးပါ။

နောက်ဆုံးတစ်ခုကတော့ ကိုယ့်စတိုင်နဲ့ လိုက်ဖက်ပြီး Creative ဖြစ်စေမယ့် ဒီဇိုင်းတွေကို ရှာဖွေဝတ်ဆင်တတ်ဖို့ပါပဲ။