ခန့်ညားတဲ့ အမျိုးသားတစ်ယောက်ဟာ ခန္ဓာကိုယ်မှာကြွက်သားအဖုအထစ်တွေနဲ့ ပြည့်စုံဖို့လိုအပ်ပါတယ်။ ကြွက်သားတွေနဲ့စတိုင်ကျနိုင်ဖို့က ခန္ဓာကိုယ်အပေါ်ပိုင်းအတွက်ပဲ လေ့ကျင့်ခန်းလုပ်ဆောင်နေလို့မရပါဘူး။ ခန္ဓာကိုယ်အောက်ပိုင်းလေ့ကျင့်ခန်းလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။

အဆင့်(၁)

Source: www.mensfitness.com

ခန္ဓာကိုယ်ကို မတ်တတ်အနေအထားဖြင့် အသင့်ပြင်ထားပါ။ ဒူးတစ်ဖက်ကို ရှေ့ကိုကွေးလိုက်ပြီး ဆန့်ကျင်ဖက်လက်တစ်ဖက်ဖြင့် ဒူးကိုထိပါစေ။ နောက်ကွေးထားသောခြေထောက်ကို နောက်သို့ဆွဲပို့လိုက်ပြီး ဒူးထောက်အနေအထားဖြင့် ထိုင်ချလိုက်ပါ။ ထိုပုံစံမျိုးခြေထောက်နှစ်ဖက်ကို တလှည့်စီပြုလုပ်ပေးပါ။

အဆင့်(၂)

Source: HIIT Academy

တပြေးညီတဲ့ကြမ်းပေါ်မှာ ခန္ဓာကိုယ်ကိုပက်လက်အနေအထားနဲ့ အသင့်ပြင်လိုက်ပါ။ လက်နှစ်ဖက်ကို ကြမ်းပေါ်မှာ ဆန့်တန်းထားပါ။ ဒူးတစ်ဖက်ကိုထောင်လိုက်ပြီး ကျန်ခြေထောက်တစ်ဖက်ကို ၉၀ ဒီဂရီ ဆန့်တန်းအောင်ထောင်လိုက်ပါ။ နောက် ခါးကိုကြမ်းပြင်မှလွတ်ကင်းအောင် ကြွလိုက်ပါ။ ထိုအတိုင်း ခြေနှစ်ဖက်ကို တလှည့်စီပြုလုပ်ပေးပါ။

အဆင့်(၃)

Source: Coach Mag

ခန္ဓာကိုယ်ကို မတ်တတ်အနေအထားနဲ့ရှိပါစေ။ ခြေထောက်နှစ်ဖက်ကို အနေတော်အကျယ်ချဲထားလိုက်ပါ။ လက်နှစ်ဖက်ကိုယှက်ထားပြီး ပုခုံးတဖက်တချက်စီမှာ ထိထားပါ။ နောက်ဖြေးညှင်းစွာထိုင်ချပါ။ အောက်ထိရောက်အောင်မထိုင်ဘဲ ၃ ပုံ၂ ပုံ ခန့်သာထိုင်ပြီး ပြန်ထပါ။