ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်ရှိနေတဲ့ အသက်ထက် ပိုပြီးကြီးတယ်လို့ ထင်ခံရတာမျိုးကိုတော့ ကြိုက်ကြမှာမဟုတ်ပါဘူး။ ကိုယ့်ကို အသက်ကြီးတယ်၊ ဒါမှမဟုတ် အသက်ငယ်တယ်ထင်မိတာက ကိုယ်ဝတ်ဆင်နေတဲ့ အဝတ်အစားပေါ်ကိုလည်း မူတည်နေတဲအတွက် ကိုယ့်ကို အသက်ကြီးတယ်လို့ ထင်သွားမိနိုင်တဲ့ စတိုင်အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကုတ်အင်္ကျီကို ဂျင်းဘောင်းဘီနဲ့ ဝတ်ဆင်ခြင်း

Source: The Idle Man

တချို့ယောက်ျားလေးတွေက ဂျင်းဘောင်းဘီကို ကုတ်အင်္ကျီနဲ့ ဝတ်ဆင်တာက သူတို့ကို ပိုစတိုင်ကျစေပြီး ငယ်ရွယ်စေတယ်လို့ ယူဆတတ်ကြပါတယ်။ ဒါက အခုနောက်ပိုင်း ခေတ်စားလာတဲ့ ဖက်ရှင်တစ်ခုပေမယ့် တကယ်တမ်းကတော့ အဖေတွေစတိုင်လို့တောင် ပြောလို့ရပါတယ်။ လိုက်ဖက်မှုမရှိတဲ့ ကုတ်အင်္ကျီကို ဂျင်းဘောင်းဘီနဲ့ ဝတ်ဆင်နေမယ့်အစား ပုံမှန် Oxford Shirt တစ်ထည်ကို Skinny Jeans အမည်းတစ်ထည်နဲ့ Loafer လေးတစ်ရံနဲ့ ဝတ်ဆင်လိုက်ရင် ဒါက ပိုပြီးလိုက်ဖက်တဲ့ ဝတ်ဆင်မှုဖြစ်နေမှာပါ။

V Necks တွေဝတ်ဆင်ခြင်း

Source: The Idle Man

V Necks တီရှပ်တွေက သင့်ကို ငယ်ရွယ်စေတဲ့ အင်္ကျီတွေထဲမှာ မပါဝင်ပါဘူး။ သူတို့က ပုံမှန်တီရှပ်တွေ၊ စပို့ရှပ်တွေထက် ကိုယ့်ရဲ့လည်ပင်းတဝိုက် အသားအရေကို ပိုကာဖော်ပြတတ်ပြီး အဲ့ဒါက အများစုအတွက် စွဲဆောင်မှုရှိတယ်ဆိုတာထက် ပိုပြီးတော့တောင် ကြည့်ရဆိုးစေပါတယ်။

Suit ကို သာမန် Sneaker၊ Trainer Shoes တွေနဲ့ ဝတ်ဆင်ခြင်း

Source: The Idle Man

အခုနောက်ပိုင်း Sneaker ၊ Trainer Shoes တွေက ယောက်ျားလေးတွေကြားမှာ သိသိသာသာကို ရေပန်းစားလာခဲ့ပါတယ်။ Sneaker တွေ၊ Trainer Shoes တွေက သာမန်ဝတ်ဆင်မှုတွေမှာ အဆင်ပြေပြီးတော့ လွတ်လပ်စေတယ်ဆိုပေမယ့် အချို့သော ယောက်ျားလေးတွေကတော့ အခု Sneakers တွေကို တစ်ဆင့်တက်ပြီး Suits တွေနဲ့ပါ ဝတ်ဆင်လာကြပါတယ်။ ဒါက စတိုင်ကျပြီး လူငယ်ဆန်တဲ့အစား တော်တော်လေးကို ကြည့်ရဆိုးတဲ့ တွဲဖက်မှုပါ။

စာတန်းတွေပါဝင်တဲ့ တီရှပ်တွေ ဝတ်ဆင်ခြင်း

Source: The Idle Man

အရင်တုန်းက သင့်အဖေတွေ၊ အဖိုးတွေက တီရှပ်တွေကို စာတန်းတွေပါတာတွေပဲ ဝတ်ဆင်တတ်တာကို သတိထားမိပါသလား။ သူတို့ခေတ်တုန်းက စာတန်းပါတဲ့ တီရှပ်တွေက ခေတ်စားခဲ့တာမှန်ပေမယ့် အခုအချိန်မှာတော့ တီရှပ်တွေက ဗြောင်ဖြစ်တဲ့ အမည်း၊ ခဲရောင် ဒါမှမဟုတ် Minimal ဖြစ်တဲ့ဖက်ကို ခေတ်ရေစီးကြောင်းပြောင်းလဲသွားပါပြီ။

ကွင်းထိုးဖိနပ်ကို ခြေအိတ်နဲ့ ဝတ်ဆင်ခြင်း

Source: The Idle Man

ခြေအိတ်ဆိုတာက များသောအားဖြင့် Sneakers တွေ၊ Shoes တွေနဲ့ပဲ ဝတ်ဆင်ရတာပါ။ Loafer လောက်ကို ခြေအိတ်နဲ့ ဝတ်ဆင်တာကအဆင်ပြေသေးပေမယ့် ကွင်းထိုးဖိနပ်ကို ခြေအိတ်နဲ့ ဝတ်တာကတော့ ရုပ်အဆိုးဆုံးအရာတစ်ခုပါ။