နေကာမျက်မှန် ဝတ်ထားတဲ့ဘဲတွေလောက် ဘယ်သူမှအထာမကျသလို Suit ဝတ်ထားတဲ့ကွီးတွေလောက်လည်း ဘယ်သူမှ ဆွဲဆောင်မှုမရှိပါဘူး။ ဒီလို Unique ဖြစ်တဲ့ အရာနှစ်ခု ကိုတွဲလိုက်ပြီဆိုရင်တော့ သင့်လောက် Smart ဖြစ်တဲ့သူ ဒီကမ္ဘာမှာရှိတော့မှာ မဟုတ်ပါဘူး။

Source: gq.com

ဥပမာပေးရရင် ပုရိသတွေများတဲ့ အခန်းတစ်ခန်းထဲမှာ သင်ဟာ Suit နဲ့ နေကာမျက်မှန်ကို ဝတ်ထားသူတစ်ယောက်ဆိုပါစို့။ ဒီလိုအခြေအနေမျိုးမှာဆိုရင် မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုကို အများဆုံးသိမ်းပိုက်နိုင်သူဟာ သင်ပဲဖြစ်ပါလိမ့်မယ်။

တစ်ခုသိထားဖို့လိုတာကတော့ ကိုယ်သွားမယ့် ပွဲပေါ်မူတည်ပြီး Suit ကိုဝတ်တဲ့အခါမှာ သင့်တော်မယ့် Shades ကို ရွေးတတ်ဖို့ပါပဲ။ ကိုယ်ရွေးချယ်တဲ့ နေကာမျက်မှန်ရဲ့ ပုံစံ ဒီဇိုင်းနဲ့ အရောင်ဟာ ဘယ်လို Suit အမျိုးအစားတွေနဲ့ လိုက်သလဲဆိုတာကိုလည်း အရင်လေ့လာထားဖို့လိုအပ်ပါတယ်။

Source: He Spoke Style

လိုအပ်တဲ့အချိန်မှာ ထုတ်သုံးနိုင်ဖို့ရာ နေကာမျက်မှန်ကို လက်နက်ပုန်းအနေနဲ့ ထားသင့်ပါတယ်။ အနည်းဆုံး နှစ်လက် သုံးလက်လောက်တော့ ဆောင်ထားသင့်ပါတယ်။ နောက်ပြီးဝတ်နေကျ သူတွေဆီမှာ ကွာလတီမှီတဲ့ Brand ကို မေးပြီးဝယ်သင့်ပါတယ်။

Source: gq.com

ဖက်ရှင်လောကထဲမှာ အောင်မြင်နေတဲ့ Men Icon တွေဟာဆိုရင် နေကာမျက်မှန်တွေနဲ့ လိုက်ဖက်မယ့် Suit ဒီဇိုင်းတွေကို Combo ဝတ်ဆင်ပြထားပါတယ်။ ကိုယ်ကစပြီး ထွင်ဝတ်စရာမလိုအောင် ရှေ့ဆောင်လမ်းပြတွေက Stylish ဖြစ်မယ့် နည်းလမ်း ပေးနေတာတွေကို ကောက်စားတတ်ဖို့ပဲလိုပါတယ်။