အောင်မြင်မှုနဲ့စတင်တဲ့ဘဝကို အောင်မြင်မှုနဲ့အဆုံးမသတ်ချင်ကြဘူးလား။ အောင်မြင်တဲ့သူတစ်ယောက်ဟာ အမြဲအောင်မြင်မှုနဲ့ပဲ တွေ့ဆုံချင်နေပါလိမ့်မယ်။ ထာဝရအောင်မြင်နိုင်ဖို့ဆိုတာက နည်းလမ်းကောင်းတွေကို ရှာဖွေတွေ့ရှိနိုင်မှဖြစ်မှာလေ။
အမှားထဲကသင်ခန်းစာယူပါ
Source: Business Insider India
လူဟာ အမြဲအမှန်တွေပဲလုပ်နေတာမဟုတ်ပါဘူး။ အမှားလုပ်မိတဲ့အချိန်တွေလည်းရှိပါတယ်။ ဒီလိုအမှားတွေကို ရင်ဆိုင်ရတဲ့အခါ စိတ်ကိုတည်ငြိမ်အောင်ထားပါ။ ကိုယ်မှားတဲ့ကိစ္စအတွက် ဘယ်သူ့ကိုမှအပြစ်မတင်ပါနဲ့။ အမှားတွေထဲက ဘဝအတွက်သင်ခန်းစာတွေကို ရှာဖွေရယူတတ်ပါစေ။
စဉ်ဆက်မပြတ်ကြိုးစားပါ
Source: The Cheat Sheet
ကြိုးစားအားထုတ်မှုတွေကို ဘယ်တော့မှမရပ်တန့်လိုက်ပါနဲ့။ စိတ်ကိုလျော့ချပြီးမလုပ်နိုင်တော့ပါဘူး၊ မဖြစ်နိုင်တော့ပါဘူးဆိုတဲ့အတွေးမျိုးကို အဝေးကိုမောင်းထုတ်သင့်ပါတယ်။ ဒီနေ့လည်းကြိုးစားပါ။ နောက်နေ့လည်းကြိုးစားပါ။ အမြဲတမ်းကြိုးစားအားထုတ်နေပါ။
အာရုံစူးစိုက်ပါ
Source: investorsinpeople.com
လုပ်ငန်းကိစ္စတစ်ခုအပေါ်မှာ အာရုံစူးစိုက်မှုရှိနိုင်ပါစေ။ ဘဝမှာ တခြားသောလူမှုရေး၊ ကျန်းမာရေး စတဲ့ စိတ်ဖိစီးစရာကိစ္စတွေမြောက်များစွာ ရှိနိုင်ပါတယ်။ ဒါတွေကြောင့် ကိုယ်လုပ်နေတဲ့ကိုယ့်အလုပ်ကို မထိခိုက်ပါစေနဲ့။ ကိုယ့်ရဲ့လုပ်ငန်းအပေါ်မှာ အမြဲတိကျတဲ့အာရုံစူးစိုက်မှုတွေထားပါ။
အနာဂတ်အတွက်ရည်မှန်းချက်ထားပါ
Source: Learning Mind
အနာဂတ်မှာ အခုထက်ပိုတိုးတက်အဆင့်မြင့်အောင် ဘာတွေလုပ်ကိုင်မလဲ။ ဘယ်လိုနည်းလမ်းအသစ်တွေကို ရှာဖွေမလဲ။ ကြုံတွေ့လာရမယ့်အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲ စတဲ့ အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုတွေကို အမြဲတွေးတောကြံဆနေသင့်ပါတယ်။