အင်္ဂလန်နိုင်ငံရဲ့ အဓိကအသားပေး အားကစားနည်းဟာ ဘောလုံးပါ။ (၁၈၆၃) ခုနှစ်လောက်ထဲက ဘောလုံးကစားခြင်းအလေ့အထဟာ အင်္ဂလန်နိုင်ငံမှာ တွင်ကျယ်လာတာပါ။ အင်္ဂလန်နိုင်ငံတွင် ကလပ်အသင်းပေါင်းများစွာရှိပါတယ်။

သမိုင်းအကျဆုံးနဲ့ ရှေ့အကျဆုံးအသင်းကတော့ ရှက်ဖီးယူနိုက်တက်ပါ။ FA CUP ဟာကမ္ဘာသက်တမ်းအရင့်ဆုံးဖလားဖြစ်ပြီး ကမ္ဘာဖလားထက်တောင် စီနီယာကျပါသေးတယ်။ အင်္ဂလန်နိုင်ငံသားတိုင်းမှာ သူတို့ကြိုက်နှစ်သတ်အားပေးတဲ့အသင်းကိုယ်စီရှိကြပါတယ်။

ပရီးမီးယားလိဂ်ဆိုတာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပြိုင်ပွဲပါ။ ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်မှာ ဘယ်အသင်းတွေက အောင်မြင်မှုသရဖူဆောင်းခဲ့လဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) မန်ချက်စတာယူနိုက်တက်

Source: sportyghost.com

အင်္ဂလန်မှာ အအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်ပါတယ်။ အိုးထရဒ်ဖို့အခြေစိုက် မန်ချက်စတာယူနိုက်တက်အသင်းဟာ တစ်ကမ္ဘာလုံးတွင် အားပေးသူပရိသတ်သန်းပေါင်းများစွာရှိပါတယ်။ မန်ချက်စတာယူနိုက်တက်ကိုတော့ (၁၈၇၈) တွင်စတင်ဖွဲ့စည်းခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဖလား (၂၀) ၊လိဂ်ဖလား (၄) ခါ၊ FA ဖလား (၁၀) ခါ၊ ကွန်မြူနတီဖလား(၂၀) တို့ကိုရရှိခဲ့ပါတယ်။

ထို့အပြင် ဥရောပဖလားရရှိမှုတွေလည်းရှိပါသေးတယ်။ အောင်မြင်မှုများတွင်တော့ မန်ချက်စတာယူနိုက်တက်က ဘုရင်တစ်ဆူဖြစ်ပါတယ်။ ယခုအချိန်တွင်တော့ မန်ယူအသင်းဟာခြေစွမ်းအနည်းငယ်ပျက်နေပြီး နန်းကျဘုရင်ဖြစ်နေပါပြီ။

(၂) လီဗာပူး

Source: sportyghost.com

လီဗာပူးအသင်းဟာတော့ ဥရောပဖလားကို အများဆုံးရရှိဖူးတဲ့ အင်္ဂလန်အသင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလားကို ငါးကြိမ်တိုင်တိုင်ရခဲ့ဖူးပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၁၈) ကြိမ်ရယူထားခဲ့ဖူးပါတယ်။ ကြိုးကြာနီတွေဟာ ချန်ပီယံလိဂ်ဖလား (၅) ခါ၊ UEFA ဖလား (၃) ခါ၊ UEFA SUPER CUP (၃) ခါရရှိဖူးပါတယ်။

လိဂ်ဖလား (၈) ခါနဲ့ Fa ဖလား (၇) ရခဲ့ဖူးပြီး အင်္ဂလန်မှာ ဒုတိယအအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်ပါတယ်။ သို့ပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်ဆုံးရရှိခဲ့တာကတော့ (၁၉၉၂)  ခုနှစ်ကပါ။

(၃) အာဆင်နယ်

Source: sportyghost.com

အာဆင်နယ်လို့ပြောလိုက်တာနဲ့ အာစင်ဝင်းဂါးကြီးကို ပြေးမြင်မိမှာပါ။ အာဆယ်နယ်ရဲ့ကစားပုံကစွဲမတ်ဖို့ကောင်းလှပါတယ်။ (၁၈၈၆) ခုနှစ်ထဲကတည်ထောင်ခဲ့တဲ့ လန်ဒန်အမြှောက်တွေဟာ ဥရောပဖလား (၂)  ခါ၊ ပရီးမီးယားလိဂ်ဖလား (၁၃) ခါ၊ Fa ဖလား (၁၂) ခါ ရရှိခဲ့ဖူးပါတယ်။ ပရီးမီးယားလိဂ်တွင် (၄၉) ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်လည်းတင်ထားပါတယ်။ အာဆယ်နယ်ကတော့ အင်္ဂလန်တွင်တတိယအအောင်မြင်ဆုံးအသင်းပါ။