ရာသီဥတုက တဖြည်းဖြည်းချင်းပူလာပြီဖြစ်ပါတယ်။ နွေရဲ့အပူဒါဏ်ကို နေရာတိုင်းမှာ ခံစားရနိုင်ပါတယ်။ ဒီအချိန်မှာ ပူအိုက်ခြင်းကိုအံတုဖို့ အေးမြခြင်းကိုရှာဖွေတတ်ကြပါတယ်။ အဓိကကတော့ရေချိုးခြင်းပေါ့။ ရေချိုးတဲ့အခါတခြားရာသီအချိန်တွေလို စိတ်တိုင်းကြမချိုးသင့်ပါဘူး။ ကျန်းမာရေးအန္တာရာယ်တွေက လက်တစ်ကမ်းမှာ စောင့်ကြိုနေကြပါတယ်။

တစ်နေ့ရေဘယ်နှကြိမ်ချိုးမလဲ

Source: Business Insider UK

မနက်တစ်ကြိမ်နဲ့ ညအိပ်ခါနီးတစ်ကြိမ်သာ ချိုးသင့်ပါတယ်။ ရာသီဥတုပူတိုင်း ၃ကြိမ်၊ ၄ကြိမ် ရေမချိုးသင့်ပါဘူး။ နွေဥတုမှာလည်း အအေးပတ်တဲ့ဝေဒနာကို ခံစားရနိုင်ပါတယ်။

စနစ်တကျဘယ်လိုချိုးမလဲ

Source: Shutterstock

ခေါင်းကစရေလောင်းချိုးတာမျိုးကို သတိပြုရှောင်ကျဉ်ရပါမယ်။ ခေါင်းကိုရေလောင်းလိုက်တဲ့အခါ ခေါင်းအေးသွားတာကြောင့် ခန္ဓာကိုယ်ကသွေးတွေကခေါင်းထဲကို အလျင်အမြန်ဆောင့်တက်လာတတ်ပါတယ်။ အဲ့အချိန်မှာဦးနှောက်သွေးကြောပေါက်လွယ်ပြီး လေဖြတ်နိုင်ချေပိုများပါတယ်။ ခြေထောက်ကနေ ရေစလောင်ပြီး တဖြည်းဖြည်းအပေါ်ပိုင်းကို လောင်းချိုးသင့်ပါတယ်။

ဘယ်လိုအချိန်မျိုးရေမချိုးသင့်ဘူးလဲ

Source: The Idle Man

နေပူပူထဲကပြန်လာချိန်မျိုး၊ နေ့ခင်းမွန်းလွဲချိန်မျိုးတွေဆို ခန္ဓာကိုယ်က ချွေးအထွက်ဆုံးနဲ့ အပူဆုံးအချိန်ဖြစ်နေပါလိမ့်မယ်။ အဲ့အချိန်မှာ ကမူးရှူးထိုး ရေချိုးချင်စိတ်တွေ ဖြစ်လာပါလိမ့်မယ်။