နွေရာသီကိုရောက်ရှိလာပြီဖြစ်တဲ့အတွက် ပူပြင်းမှုဒဏ်ကို သိသိသာသာကြီး ခံစားလာနေရပြီဖြစ်ပါတယ်။ နွေဥတုရဲ့ ဆိုးရွားတဲ့ခရမ်းလွန်ရောင်ခြည်ဒဏ်ကလည်း ခန္ဓာကိုယ်အလှအပနဲ့ ကျန်းမာရေးကို များစွာစိန်ခေါ်လာနေပြီဖြစ်ပါတယ်။

ဘယ်လိုဆိုးကျိုးတွေဖြစ်စေလဲ

Source: Dermatology Associates of SW Washington

နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ လူ့ခန္ဓာကိုယ်အရေပြားကို ပြင်းထန်စွာထိခိုက်ပျက်စီးစေပါတယ်။ အထူးသဖြင့် မျက်လုံးကိုဒုက္ခပေးစေနိုင်တဲ့အတွက် မျက်စိတိမ်စွဲတာ၊ မျက်စိနာတာ စတဲ့မျက်လုံးနဲ့ ပတ်သက်တဲ့ ဝေဒနာမျိုးတွေကို ခံစားရနိုင်ပါတယ်။

မျက်လုံးကိုဘယ်လိုကာကွယ်ကြမလဲ

Source: Skin & Cosmetic Solutions

ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့အတွက် အပြင်ထွက်တဲ့အခါ မျက်လုံးကို ရာနှုန်းပြည့်နီးပါး အကာအကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်တွေကို မမေ့မလျော့တပ်ဆင်ပေးသင့်ပါတယ်။ နေကာမျက်မှန်က မျက်လုံးကို ကာကွယ်ပေးနိုင်ပြီး စတိုင်ကျတဲ့အမျိုးသားတစ်ယောက်လည်း ဖြစ်စေနိုင်တယ်လေ။

အသားအရေကိုဘယ်လိုကာကွယ်ကြမလဲ

Source: BX Insights – Independence Blue Cross

နေရောင်ထဲသွားတော့မယ်ဆိုရင် အဝတ်အစားကို အထူးဂရုပြုပြင်ဆင်သင့်ပါတယ်။ နေရောင်ကိုစုပ်ယူမယ့် အနက်ရောင်အင်္ကျီတွေကိုမဝတ်ဘဲ အဖြူရောင်ချည်သားများကိုပဲ ဝတ်ဆင်သင့်ပါတယ်။ နေရောင်ထိတွေ့နိုင်မယ့် မျက်နှာ၊ လည်ပင်းနဲ့ လက်တွေကို Sun Cream လိုနေရောင်ဒဏ်ကာကွယ်တဲ့ ခရင်မ်မျိုးကို ပုံမှန်လိမ်းပေးသင့်ပါတယ်။

ကျန်းမာရေးအတွက် ဘယ်လိုပြင်ဆင်ကြမလဲ

Source: The Sun

နွေရာသီရဲ့ ခရမ်းလွန်ရောင်ခြည်ဟာ ပြင်းထန်လွန်းတဲ့အတွက် ခန္ဓာကိုယ်ဟာ ချွေးထွက်လွန်တာတွေ၊ မူးမော်တာတွေ၊ အသက်ရှူမဝတာတွေ ခံစားရတတ်ပါတယ်။ ရေများများသောက်ပြီး ရေခဲရေသောက်သုံးတာကို ရှောင်ကြည်သင့်ပါတယ်။ အတတ်နိုင်ဆုံး ထီး၊ ဦးထုပ်လို အကာအကွယ်လိုမျိုးတွေယူပြီးမှ အပြင်သွားသင့်ပါတယ်။