ချွေးထွက်များမှ သွေးထွက်နည်းမယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ တကယ်တော့ ချွေးထွက်တယ်ဆိုတာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ ချွေးထွက်ခြင်းက ခန္ဓာကိုယ်တွင်းက  အညစ်အကြေး တစ်စိတ် တစ်ဒေသကို ထုတ်ပစ် နိုင်စွမ်းရှိပါတယ်။

Source: New York Post

အားလပ်ချိန်တွေကို အကျိုးရှိအောင် အသုံးချပါ

Source:National Park Service

အားလပ်ချိန်တွေမှာ ဥယျာဉ်ခြံရှင်းလင်းခြင်း ၊ စက်ဘီးစီးခြင်း ၊ ပြေးခြင်း စတဲ့ ချွေးထွက်မယ့် အလုပ်တွေကို လုပ်ပေးပါ။ ခုခေတ်မှာ လူတိုင်းက အားလပ်ချိန်ဆို ကွန်ပျူတာရှေ့မှာ ထိုင်ရင်း ၊ ဖုန်းတစ်လုံး သုံးရင်း အချိန်ကုန်နေတတ်ကြပါတယ်။ ဒါဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး

ချွေးဆိုတာ

Source: fitsista.co.uk

ချွေးထွက်ခြင်းဟာ အရေပြားရဲ့ အောက်တစ်လွှာမှာရှိနေတဲ့ ဓာတုအဆိပ်တွေကို ဖယ်ထုတ်နိုင်တဲ့ သဘာဝနည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး အနှံ့ လှည့်ပတ်စီးဆင်းနေတဲ့ သွေးလည်ပတ်မှုစနစ် ကောင်းမွန်မှန်ကန်စေဖို့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကိုလည်း နေ့စဉ်ဘဝထဲမှာ ဖြည့်စွက်ပေးဖို့ လိုအပ်ပါတယ်။