ဘောလုံးလောကမှာတော့ အရပ်ရှည်တာကောင်းလှပါတယ်။ တိုက်စစ်မှူးတွေကအရပ်ရှည်ပြီဆိုရင် ခေါင်းတိုက်ဘောတွေဟာ အလိုလို ကောင်းသွားတတ်ပါတယ်။ တိုက်စစ်မှူးတွေအတွက်ရော ဂိုးသမားတွေအတွက်ရော အရပ်ရှည်ဖို့ လိုအပ်ပါတယ်။ အရပ်သာမန်ထက်ပိုရှည်ပြီး ကလန့်ကလားကြီးဖြစ်နေရင်ရော ဘောလုံးကန်ရတာအဆင်ပြေပါ့မလား။ အထက်ပါမေးခွန်းဟာ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ အရပ်ရှည်ရှည်နဲ့ ခြေစွမ်းပြကစားနေတဲ့ လောရှည်ဘောလုံးသမားသုံးယောက်ကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

3. Vanja Ivesa (အရပ်အမြင့် ၆ ပေ ၉)

Source: sillyseason.com

သူဟာ ဂိုးသမားတစ်ယောက်ပဲဖြစ်ပါတယ်။ သူကိုတော့ ဂိုးစောင့်တဲ့ ဘီလူးကြီးဆိုပြီးအများက ချစ်စနိုးနဲ့ခေါ်ကြပါတယ်။ သူဟာ တူရကီကလပ်အသင်းပေါင်းများစွာမှာ ကစားခဲ့ပါတယ်။ ယခုအချိန်မှာတော့ အသက် (၃၉) နှစ်ရှိနေပြီဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုတော့ရှိပါတယ်။ သူဟာ တူရကီလက်ရွေးစင်အသင်းအတွက် ဘယ်တုန်းကမှ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။

2. Paul Millar (အရပ်အမြင့် ၆ ပေ ၉)

Source: sillyseason.com

သူဟာ စကော့်တလန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး ယခုလက်ရှိမှာတော့ Elgin City အသင်းမှာ ကစားနေပါတယ်။ သူကိုတော့ ၂၀၁၁ ခုနှစ်က ပရော်ဖယ်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ သူဟာ ယခုအချိန်မှာ ဒူးဒဏ်ရာရရှိနေတဲ့အတွက် ဘောလုံးကစားခြင်းမှ ခေတ္တအနားယူထားရပါတယ်။

1. Kristof van Hout (အရပ်အမြင့် ၆ ပေ ၁၀)

Source: sillyseason.com

သူဟာတော့ အရပ်အမြင့်ဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဂိုးသမားကောင်းတစ်ယောက်ဖြစ်ပြီး လက်စွမ်းလည်းကောင်းမွန်လှပါတယ်။ ယခုလက်ရှိမှာတော့  K.V.C. Westerlo အသင်းမှာ ကစားနေတာဖြစ်ပါတယ်။