တက်တူးထိုးတာဟာ မလုပ်သင့်တဲ့ အရာမျိုးပါဆိုပြီးကန့်သတ်မထားသင့်ပါဘူး။ သေချာစဉ်းစားပြီးထိုး နောက်မှနောင်တရမယ်ဆိုတဲ့ သတိပေးချက်တွေဟာမဖြစ်သင့်ပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်လုပ်ချင်တာလုပ်ရပြီးမှ မလုပ်သင့်ခဲ့ဘူးလို့ တွေးလိုက်တဲ့အခြေအနေ ကလူတစ်ယောက်ရဲ့ဘဝမှာမဖြစ်သင့်ပါဘူး။
ငယ်တုန်းစိတ်ရှုးပေါက်ပြီးလျှောက်လုပ်တာလို့ အပြောမခံရအောင် ထိုးသင့်တဲ့နေရာမှာ သဘာဝကျကျ ကိုယ်ခန္ဓာကိုယ်နဲ့ တသားတည်းဖြစ်အောင်ထိုးသင့်ပါတယ်။ သူ့ထိုးသင့်နဲ့နေရာမျိုးတွေမှာ ထိုးမယ်ဆိုရင်တော့ ဒီလိုဒွိဟတွေဖြစ်လာမှာမဟုတ်ပါဘူး။ ပထမချက်အနေနဲ့ တက်တူးမထိုးခင် သိထားသင့်တဲ့ တာတွေကိုဝေမျှပေးလိုက်ပါတယ်။

Source: bien.hu
ခန္ဓာကိုယ့်ရဲ့ ဘယ်နေအစိတ်အပိုင်းတွေမထိုးသင့်လဲ ဆိုတာကို ရှေးဦးစွာရွေးချယ်သင့်ပါတယ်။ နောက်ပြီးဘာဒီဇိုင်းထိုးမလဲဆိုတာကိုပေါ့။ ဒီဇိုင်းရွေးရမယ့်အခါတွေမှာသိသင့်တဲ့တာ ခုထိုးမယ်လို့ဆုံးဖြတ်ထားလိုက်တဲ့ အရာကို ကိုယ့်စိတ်ကူးထဲကအတိုင်းပဲဖြစ်စေပါ။ နောက်မှစိတ်ကျေနပ်မှုမရှိရင် သင်ထိုးရတဲ့ ရည်ရွယ်ချက်ဟာ အလကားဖြစ်သွားမှာပါ။
နိုင်ငံခြားယဉ်ကျေးမှုတွေလွှမ်းမိုးလာတာကြောင့်လို့လည်းပြောလို့မရပါဘူး အရင်ကတည်းက မြန်မာလူမျိုးတွေမှာ ဆေးမှင်ကြောင်ထိုးတာကရှိခဲ့တာပါ။ ထိုးပြီးတဲ့အခါမှ စိတ်မဆင်းရဲစေဖို့ ထိုးသင့်တဲ့ တက်တူး ဒီဇိုင်းလေးတွေကို အနည်းနဲ့ အများလေ့လာကြည့်ကြပါ Social Media ခေတ်ဆိုတော့လည်း သေသေချာချာ Reference ယူလို့ရမယ့်နေရာတွေပေါများပါတယ်။ ကိုယ်ခန္ဓာကိုယ်မှာ တသက်တာထားရမယ့် အရာဆိုတော့ အချိန်ယူပြီးမှ ဆုံးဖြတ်ချက်ချသင့်ပါတယ်။

Source: yandex.ru
ရှေးရိုးအစွဲတွေကို နားမယောင်တတ်ဖို့လည်း အရေးကြီးပါတယ်။ ခုလို ၂၁ရာစုထဲမှာ တက်တူးဟာ လူ့အဖွဲ့အစည်း အတော်များများမှာ ဝင်ဆံ့လာပါတယ်။ လူဆိုရင်တောင် သူ့နေရာနဲ့သူအပ်စပ်တဲ့လူ့အဖွဲ့အစည်းနဲ့ ရှိသင့်သလို တက်တူးဟာလည်း သူရှိသင့်တဲ့နေရာမှာရှိနေရင် ဘာပြသနာမှတက်လာနိုင်မှာမဟုတ်ပါဘူး။
တက်တူးကိုရှုးသွပ်ပေမဲ့ အိမ်မပိုင်တဲ့ကွီးတွအတွက် ရုတ်တရက်ဆို အိမ်ကသတိမထားမိပဲ အပြင်ထွက်မှဂေါ်နိုင်အောင် ထိုးသင့်တဲ့နေရာနဲ့ ဘယ်အချိန်ကြည့်ကြည့်ပြန်မဖျက်ချင်အောင် နောင်တမရစေမယ့် တက်တူး ဒီဇိုင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
The Dolphin Yin-Yang

Source: Pinterest
Carp Diem

Source: Pinterest
The Face Tattoo

Source: Pinterest
The Stoned Señor Frog

Source: Pinterest