တက်တူးထိုးရတာကြိုက်တဲ့သူတွေအတွက် သတင်းကောင်းလေးပြောပေးချင်ပါတယ်။ အဲ့တာကတော့ Temporary တက်တူးပေါ်လာပြီ ဆိုတာပါပဲ။ နည်းပညာတွေတိုးတက်လာတာနဲ့ အမျှ အရာရာဟာ အဆင်ပြေလွယ်ကူလာပါတယ်။ အရင်တုန်းက ဆေးမှင်ကြောင်တို့ တက်တူးတို့ထိုးချင်ရင် အတော်လေးစဉ်းစားပြီးမှထိုးကြပါတယ်။ နောက်ဆိုရင်တော့ ဒီလိုတွေမလိုလောက်တော့ပါဘူး။
Source: nextluxury.com
၂၀၁၅ အစောပိုင်းလောက်တုန်းက အမေရိကန်က Aesthetic Plastic Surgery အဖွဲ့ရဲ့ကြေညာချက်အရ တက်တူးဖျက်ကြတဲ့ လူဦးရေက ၃၉ရာခိုင်နှုန်းပိုများလာတယ်ဆိုတာ သိရပါတယ်။ တက်တူးဖျက်တဲ့ Treatment Session တစ်ခါဝင်ရင် ဒေါ်လာ ၃၅၀လောက် ပေးရပါတယ်။ ဒါနဲ့ တစ်ခါတည်းပျက်ပြီလားဆိုတော့ မပျက်သေးပါဘူး။ နောက်ထပ် ၁၀ကြိမ်လောက် ထပ်လုပ်ပြီးမှ လုံးဝပျောက်သွားမှာပါ။
Source: keywordsuggest.org
အဲ့လိုအခြေအနေမျိုးမှာတောင် ငွေတွေအများကြီးအကုန်ခံပြီးဖျက်ကြတယ်ဆိုတော့ သူတို့ထိုးခဲ့တဲ့ မှင်တွေကို မလိုချင်တော့တာလား နောင်တရတာလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ အဲကနေစတင်ပြီးတော့ Seung Shin ဆိုတဲ့ Chemical And Biomolecular အင်ဂျင်နီယာဟာ တစ်နှစ်သာခံတဲ့ တက်တူးမှင်ကိုစပြီးထွင်ခဲ့ပါတယ်။ နောက်ပြီး တက်တူးကို Treatment တစ်ခါပဲလုပ်ရုံနဲ့ ပျက်နိုင်အောင်အားထုတ်ခဲ့ပါတယ်။
Source: nextluxury.com
Ephemeral လို့ခေါ်တဲ့မှင်ဟာ ပုံမှန်တက်တူးထိုးလေ့ရှိတဲ့မှင်ထက် မော်လီကြူးသေးလို့ ကြာကြာသိပ်မခံပဲ တစ်နှစ်အတွင်းပျက်နိုင်ပါတယ်။ Shin နဲ့သူ့အဖွဲ့သားတွေက Ephemeral ကို ၂၀၁၇ မှာ Launch လုပ်ခဲ့ပါတယ်။ အဲ့ဒီမှင်ကို အပြာနဲ့ အနီ နှစ်မျိုး ပဲအရင်ထုတ်ခဲ့ပါတယ်။
တစ်ခါထိုးမယ်ဆိုရင် ပုံမှန်ဆိုဒ်ကို ဒေါ်လာ ၅၀ ကနေ ၁၀၀ ကြားရှိပါတယ်။ တက်တူးကိုထိုးဖူးချင်ပေမယ့် ရေရှည်မထားချင်တဲ့သူတွေအတွက်တော့ တော်တော်လေးအဆင်ပြေပါတယ်။ တကယ်လို့ တစ်နှစ်တောင်မထားပဲ ဖျက်မယ်ဆိုရင်လည်း အရင်ကလောက်အလုပ်မရှုပ် ငွေကုန်သက်သာစွာနဲ့ပျက်စေမှာပါ။