ခေတ်အဆက်ဆက်ထင်ရှားခဲ့တဲ့ တက်တူးဒီဇိုင်းတွေကအများကြီးပါပဲ။ အမျိုးသားအများစုက တက်တူး နဲ့ပတ်သတ်ရင် အရူးအမူးနှစ်ခြိုက်စွဲလမ်းတတ်ကြပါတယ်။ ယနေ့ခေတ်မှာ ရေပန်းစားလူကြိုက်များနေတဲ့ တက်တူးဒီဇိုင်းအချို့ကိုဖော်ပြပေးချင်ပါတယ်။

3 D တက်တူးဒီဇိုင်း

Source : Dagospia.com

သင့်ခန္ဓာကိုယ်ကို တက်တူးနဲ့အလှဆင်ဖို့အတွက် စိတ်ကူးဆန်းဆန်းလေးတစ်ခုကတော့ 3D တက်တူး ဒီဇိုင်းပဲဖြစ်ပါတယ်။ တက်တူးပညာရှင်တွေက 3D ဒီဇိုင်းတွေနဲ့ အမိုက်စားတက်တူးတွေကို ပုံဖော်ပေးပါလိမ့်မယ်။

Abstract တက်တူး

Source: Illusion.scene360.com

အများနဲ့မတူ၊ တမူထူးခြားတဲ့ဒီဇိုင်းတွေနဲ့ တက်တူးအလန်းစားတွေကိုပဲ စိတ်ဝင်စားပါသလား။ ဒါဆိုရင် အရမ်းထူးခြားတဲ့ တက်တူးဒီဇိုင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Abstract လို့ခေါ်တဲ့ စိတ္တဇဆန်ဆန်ပန်းချီကားစတိုင် တက်တူးဒီဇိုင်းပဲဖြစ်ပါတယ်။

Ambigram တက်တူး

Source: Tattoostime

ကိုယ်ပြောချင်တဲ့စကားတွေကို စာသားအနေနဲ့ခန္ဓာကိုယ်ပေါ်မှာ ဖော်ပြတဲ့တက်တူးဒီဇိုင်းတွေဟာလည်း လူကြိုက်များရေပန်းစားလှပါတယ်။ စာသားတွေကို ထူးခြားတဲ့ဒီဇိုင်းမျိုးစုံနဲ့ တက်တူးအဖြစ် ပုံဖော်တတ်ကြပါတယ်။