တက်တူးထိုးခြင်းဟာ ယနေ့ခေတ်လူ့အဖွဲ့အစည်းမှာ ရေပန်းစားလာတာနဲ့အမျှ တက်တူးရဲ့ ဘေးထွက်ဆိုးကျိုးများကိုလည်း ဂရုပြုသင့်ပါတယ်။ ခေတ်ရဲ့စတိုင်တစ်ခုထဲကိုပဲ မကြည့်ဘဲ ကျန်းမာရေးနဲ့လူမှုရေးဆိုင်ရာ ရှုထောင့်ဘက်ကလည်း ပြန်ကြည့်ရပါမယ်။

ချစ်သူကသဘောကျရဲ့လား

Source: Spring.St

ကိုယ်ကတက်တူးကို ရူးသွပ်ပြီး ခန္ဓာကိုယ်အနှံ့ထိုးချင်ပေမယ့် ကိုယ့်ချစ်သူကတက်တူးအပေါ် ဘယ်လိုအမြင်သဘောထားမျိုးရှိလဲ အရင်စူးစမ်းသင့်ပါတယ်။ ကိုယ့်အရေပြားဆိုပေမယ့် တချို့မိန်းကလေးတွေဟာ တက်တူးကို မနှစ်မြို့တတ်ကြပါဘူး။

ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား

Source: 24sata.hr

တက်တူးဟာ ခန္ဓာကိုယ်အရေပြားပေါ်မှာ မှင်တွေ၊ စက်ကိရိယာတွေကိုအသုံးပြုပြီး ထိုးရတာဖြစ်တဲ့အတွက် အရေပြားဆိုင်ရာမှာ ပြသာနာရှိနိုင်ပါတယ်။

ဘယ်လိုဆိုးကျိုးတွေရှိနိုင်လဲ

Source: CNN.com

လေ့လာမှုအသစ်အရ တက်တူးထိုးခြင်းဖြင့် ခန္ဓာကိုယ်အရေပြားအောက်မှာရှိတဲ့ သွေးဖြူဥအလွှာကို ထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်။ ဒါ့အပြင် တက်တူးမှင်တွေမှာပါတဲ့ သေးငယ်တဲ့အမှုန်လေးတွေ အရေပြားနဲ့ဓာတ်မတည့်တဲ့အခါ အရေပြားအဆိပ်သင့်နိုင်ပါတယ်။