တက်တူးကို အမျိုးသားအများစုက နှစ်သက်သဘောကျတတ်ကြပါတယ်။ ဒီလိုသဘောကျတဲ့အတွက် ခန္ဓာကိုယ်ပေါ်မှာ လိုလိုလားလားတက်တူးတွေထိုးတတ်ကြသလို နေ့စဉ်နဲ့အမျှ ဆန်းသစ်လာနေတဲ့ တက်တူးဒီဇိုင်းတွေကိုလည်း လေ့လာနေဖို့လိုအပ်ပါတယ်။

စာလုံးအမည်းဒီဇိုင်း

Source: askideas.com

စာလုံးအမည်းကြီးတွေကို Bold တင်ထားတဲ့စတိုင်ဟာလည်း ယနေ့ခေတ်စားတဲ့ စတိုင်တစ်ခုဖြစ်ပါတယ်။ ကိုယ်သဘောကျတဲ့စကားလုံးတွေကို စာလုံးတွေအဖြစ်ပြောင်းလဲပြီး ခန္ဓာကိုယ်မှာမှတ်တမ်းတင်တဲ့အခါမှာ ထူးခြားတဲ့စတိုင်အဖြစ် စာလုံးအမည်းကြီးတွေနဲ့ ပုံဖော်တာဖြစ်ပါတယ်။

ကားပုံဒီဇိုင်း

Source: Tattoos Win

ကားကိုနှစ်သက်ရူးသွပ်ကြတဲ့ အမျိုးသားတွေအတွက် စိတ်ကူးကောင်းလေးတစ်ခုကတော့ ကားပုံအလန်းတက်တူးဒီဇိုင်းတွေပဲဖြစ်ပါတယ်။

နာရီပုံဒီဇိုင်း

Source: tatuantes.com

တိုင်ကပ်နာရီဖြစ်စေ၊ လက်ပတ်နာရီဖြစ်စေ ဒီဇိုင်းပုံဖော်ထားတဲ့တက်တူးတွေဟာ လူကြိုက်များရေပန်းစားလျက်ရှိပါတယ်။

အရိုးခေါင်းဒီဇိုင်း

Source: askideas.com

ခပ်မိုက်မိုက်စတိုင်နဲ့ တက်တူးဒီဇိုင်းတစ်ခုကတော့ အရိုးခေါင်းပုံတက်တူးဒီဇိုင်းပဲဖြစ်ပါတယ်။ လက်ပြင်၊ ရင်အုပ်နဲ့ လက်မောင်းတွေမှာထိုးတဲ့အခါ ကြည့်ကောင်းတဲ့အမျိုးသားတစ်ယောက်အဖြစ် ပုံစံပြောင်းသွားနိုင်ပါတယ်။