ဘာစီိလိုနာအသင်းရဲ့ ဒီနှစ်ဘောလုံးရာသီဟာ အောင်မြင်မှုရှိတယ်လို့ပြောရမှာ ဖြစ်ပါတယ်။ ဖလားနှစ်လုံးကို ရရှိထားပြီးဖြစ်လို့ပါ။ စပိန်လာလီဂါဖလားကိုလည်း တစ်ရာသီလုံးရှုံးပွဲမရှိဘဲ ရယူဖို့နီးစပ်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ လစာအများဆုံးရနေတာ ဘယ်သူဖြစ်မလဲ။ ဘာစီလိုနာအသင်းရဲ့ လစာအများဆုံးဆယ်ယောက်ကို ကွီးမှ ဖော်ပြပေးသွားပါ့မယ်။

Source: sillyseason.com

လစာအများဆုံးကစားသမားကတော့ ပါရမီရှင်တစ်ဦးဖြစ်တဲ့ မက်ဆီဖြစ်ပါတယ်။ သူဟာ ကမ္ဘာပေါ်မှ  ဒုတိယလစာအများဆုံးရရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့တစ်နှစ်ဝင်ငွေက ပေါင် (၂၁.၂) သန်းရှိပါတယ်။

Source: sillyseason.com

စဉ် ကစားသမား တစ်ပက်စာလစာ
1 Lionel Messi £365,000 (အခွန်ပါပြီး)
2 Luis Suarez £290,000
3 Philippe Coutinho £200,000
4 Andres Iniesta £165,000
5 Sergio Busquets £180,000
6 Gerard Pique £165,000
7 Ivan Rakitic £130,000
8 Paulinho £120,000
9 Jordi Alba £100,000
10 Arda Turan   £85,000

ဘာစီလိုနာအသင်းမှ ဒီရာသီကုန်ရင် Andres Iniesta က အနားယူသွားတော့မှာဖြစ်ပါတယ်။ နောက်နှစ်တွေမှာ ဘယ်သူလစာအများဆုံးရမလဲဆိုတာ စောင့်ကြည့်ရအောင်ဗျာ။