အသဲကွဲဖူးပါတယ်လို့ဝန်ခံထားတဲ့ အဆိုတော်ဖြိုးပြည့်စုံတစ်ယောက် အခုလည်း မျက်ရည်မိုးတွေ ရွာနေပြန်ပါပြီ။ အဆိုတော်ဖြိုးပြည့်စုံ ဟာ အလွမ်းအဆွေးသီချင်းတွေကို အမြဲသက်ဝင်ခံစားသီဆိုတတ်တဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။

ဖြိုးပြည့်စုံဆိုတာ

Source : Phyo Pyae Sone – ဖြိုးပြည့်စုံ

သီချင်းအေးအေးလေးတွေကိုအသံချိုအေးအေးလေးနဲ့သီဆိုတတ်တဲ့အဆိုတော်ဖြိုးပြည့်စုံရဲ့သီချင်း လေး တွေဟာ ပရိသတ်ရဲ့ရင်ထဲမှာ နေရာတစ်ခုယူထားခဲ့တာကြာပါပြီ။ ဆရာဝန်အဆိုတော်ခပ်မိုက်မိုက်စတိုင်နဲ့ အဆိုတော်ဖြိုးပြည့်စုံဟာ အမျိုးသမီးပရိတ်သတ်တွေသာမက အမျိုးသားပရိသတ်တွေကြားမှာလည်း ရေပန်း စားတဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။

အဆိုတော်ဖြိုးပြည့်စုံကို ဘယ်သီချင်းနဲ့ လူသိများခဲ့တာလဲ

Source : okkala store

“မျှော်နိုင်သမျှ” ဆိုတဲ့အလွမ်းသီချင်းလေး ဟာအဆိုတော်ဖြိုးပြည့်စုံရဲ့ ပရိသတ်တောင်းဆိုမှုအများဆုံး သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ နောက်လူကြိုက်အများဆုံးသီချင်းတစ်ပုဒ်ကတော့ ” လရိပ် ” ပဲဖြစ်ပါတယ်။ မျှော် နိုင်သမျှ အယ်လ်ဘမ်ထဲမှာပါဝင်ပြီး တေးရေး စည်သူမင်း ကရေးစပ်ပေးတာဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက်နောက်ထပ်အလွမ်းသီချင်းလေးတစ်ပုဒ်

Source: Phyo Pyae Sone – ဖြိုးပြည့်စုံ

အဆိုတော်ဖြိုးပြည့်စုံက သူ့ရဲ့ပရိသတ်ကြီးအတွက် အမှန်အကန် အလွမ်းသီချင်းလေးတစ်ပုဒ်ကို ဒီရက်ပိုင်းအတွင်းမှာ သူ့ရဲ့ Page ကနေမျှဝေထားပါတယ်။  ခုပဲနားထောင်ကြည့်လိုက်ပါနော်။

မျက်ရည်မိုး

Source: Phyo Pyae Sone – ဖြိုးပြည့်စုံ

သီချင်းလေးနာမည်က  ” မျက်ရည်မိုး ” ဖြစ်ပါတယ်။ အပြင်မှာလည်းမိုးတွေက သည်းသည်းမည်းမည်း ရွာနေတာပဲ။ ဖြိုးပြည့်စုံရဲ့ သီချင်းလေးနဲ့လည်းကွက်တိပဲဖြစ်မယ်ထင်ပါတယ်။ ပရိသတ်တွေလည်း မျက်ရည်မိုးတွေ ရွာကုန်ရင်တော့ ခက်ရချည်ရဲ့။ မျက်ရည်မိုး ဆိုတဲ့သီချင်းကို တေးရေးဆရာ ကီးရှိန်းက ရေးစပ် ပေးထားပြီး Triangle Music Band နဲ့တီးခတ်ထားပါတယ်။