(၂၀၁၄) ခုနှစ်ကိုတော့ မြန်မာဘောလုံးချစ်ပရိသတ်တွေ တစ်သတ်တာလုံး မေ့နိုင်မယ်မထင်ပါဘူး။ မြန်မာအသင်းအနေနဲ့  အဆိုပါနှစ်က (2014) AFC Champion Cup ကိုအိမ်ရှင်အဖြစ် ကျင်းပခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိတဲ့အသင်းတွေဟာ ယူ (၂၀) ကမ္ဘာဖလားဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ တတိယနေရာလုပွဲအထိ တက်ရောက်ခဲ့ပြီး သန်းပိုင်ရဲ့တစ်လုံးတည်းသောဂိုးဖြင့် တတိယဆုရရှိခဲ့ပါတယ်။ ထိုကြောင့် မြန်မာအသင်းဟာ 2010 FIFA U 20 ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

Source: www.affsuzukicup.com

သန်းပိုင်ကိုတော့ (၁၉၉၆) ခုနှစ် ဒီဇင်ဘာ (၅) ရက်နေ့တွင်မွေးဖွားခဲ့ပါတယ်။ မွေးရပ်ဇာတိကတော့ ရှမ်းပြည်နယ်၊ သီပေါမြို့ဖြစ်ပါတယ်။ တောင်ပေါ်သားလေးတစ်ယောက် ဖြစ်တဲ့သူဟာ အမြဲလိုလိုပြုံးနေတတ်ပါတယ်။ အရပ်အမြင့်ကတော့ ၅ ပေ ၁၁ လက်မဖြစ်ပါတယ်။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ အရပ်တော်တော်ရှည်တယ်လို့ ပြောလို့ရပါတယ်။

Source: www.mmtimes.com

ဘောလုံးကစားခြင်းကို ငယ်စဉ်ကတည်းက ရူးသွပ်ခဲ့ပါတာဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းတွင် စတင်ကစားခဲ့ပြီး ခြင်္သေ့ပြာတို့စုံစည်းရာရန်ကုန်ယူနိုက်တက်နဲ့ပဲ ထွန်းတောက်လာခဲ့တာပါ။ သန်းပိုင်ရဲ့ပထမဆုံးရန်ကုန်ယူနိုက်တက်အတွက် သွင်းဂိုးကိုတော့ (၂၀၁၅) ခုနှစ်က ဇွဲကပင်အသင်းနဲ့ တစ်ဖက်နှစ်ဂိုးဆီ သရေကျတဲ့ပွဲမှာ သွင်းယူပေးခဲ့တာပါ။

မြန်မာအသင်းအတွက် သူ့သွင်းဂိုးဟာအရေးပါခဲ့ပါတယ်။ မြန်မာအသင်းကို ကမ္ဘာအဆင့်ပြိုင်ပွဲသို့ ပြန်လည်ပို့ဆောင်ပေးခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ မြန်မာလက်ရွေးစင်အသင်းကြီးအတွက် အားထားရတဲ့ ဂိုးလာဘ်ကောင် တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။

Source: www.mmtimes.com

သန်းပိုင်ဟာ ယခုအချိန်မှာတော့ ရန်ကုန်ယူနိုက်တက်မှာကစားနေပြီး၊ ချင်းအသင်းသို့လည်း အငှားသွားရောက်ကစားခဲ့ဖူးပါတယ်။ ဂိုးသွင်းကောင်းပြီး မျက်နှာချိုတဲ့သန်းပိုင်ကတော့ မြန်မာဘောလုံးချစ်သူတွေရဲ့ အချစ်တော်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။