နေ့စဉ်နေထိုင်မှုဘ၀မှာ မဖြစ်မနေလုပ်ဆောင်ပေးရမယ့်အရာကတော့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ Workout ပြုလုပ်ခြင်းကြောင့် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်မှာဖြစ်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်သလဲဆိုတာ လေ့လာကြည့်ရအောင်နော်။

ကျန်းမာရေးကောင်းမွန်ခြင်း

Source : Bon Vita

Workout ပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ပါတယ်။ အသက်ရှူ အဖွဲ့အစည်းကို ကောင်းစွာအထောက်အပံ့ပေးခြင်းကြောင့် ကျန်းမာတဲ့ခန္ဓာကိုယ်ကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

စိတ်တိုင်းကျကြွက်သားများရရှိနိုင်ခြင်း

ခန္ဓာကိုယ်ကို သင့်စိတ်တိုင်းကျ ကြွက်သားများနဲ့ လိုအပ်သလိုပြင်ဆင်ရယူနိုင်ပါတယ်။ တောင့်တင်းသန်မာတဲ့ကြွက်သားတွေနဲ့ စတိုင်ကျခန့်ညားအောင် Workout ပြုလုပ်ပေးသင့်ပါတယ်။

ရောဂါများကင်းဝေးစေနိုင်ခြင်း

Source: Eat This, Not That!

လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ ခံစားရနိုင်တဲ့ရောဂါဝေဒနာတွေကို ကင်းဝေးအောင် Workout က အကျိုးပြု ပေးနိုင်ပါတယ်။ နှလုံးရောဂါ၊ သွေးတိုးရောဂါ စတဲ့ လူတိုင်းနီးပါးဖြစ်ပွားခံစားနေရတဲ့ ရောဂါဆိုးတွေကနေ ကင်းဝေးစေနိုင်ပါတယ်။

ဘယ်လိုနည်းလမ်းနဲ့ Workout ပြုလုပ်ရလဲ

Source: FIT36

Workout ပြုလုပ်တဲ့အခါ စိတ်ရှည်ရှည်နဲ့ အမြဲဝတ္တရားတစ်ရပ်ကဲ့သို့ လုပ်ဆောင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ခဏတာ Workout လုပ်ဆောင်ရုံမျှနှင့် အထက်ဖော်ပြပါ ကောင်းကျိုးချမ်းသာတွေကို ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် Workout ကိုစွဲမြဲစွာ လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။