မိန်းကလေးတွေအများစုက ယောကျာ်းလေးတွေနဲ့ ပတ်သတ်လာရင် အဝတ်အစားဖက်ရှင်တွေ အမွေးနံ့သာတွေ ခန္ဓာကိုယ်အချိုးအစားတွေကိုပဲ အလေးထားတယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။မိန်းကလေးတွေဟာ တကယ်တော့ အဝတ်အစားတွေ ခန္ဓာကိုယ်အချိုးစားတွေထက် စိတ်နေစိတ်ထား အကျင့်စရိုက်တွေကိုပိုပြီး အလေးထားကြတာဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ မိန်းကလေးတွေသဘောမကျတဲ့ အမျိုးသားတွေရဲ့ အကျင့်စရိုက်နဲ့ အမူအကျင့်လေးတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

(၁) အပျော်အပါးမက်ခြင်း

Source : Chic’s Limo

ယောကျာ်းလေးအများစု အပျော်အပါးအသောက်အစားနဲ့ မကင်းနိုင်ကြပါဘူး။ ဒါပေမယ့်လည်း သာမာန်အပျော်အပါးမကင်းတဲ့သူတွေထက်ကိုပိုပြီး အပျော် အပါးအတွက်ပဲ စိတ်အားထက်သန်နေသူ သောက်ပွဲစားပွဲတွေ ပါတီတွေ ကလပ်တွေနဲ့ အပျော်အပါးအတွက်ဆို ရှေ့ ဆုံးကပါဝင်နေသူတစ်ယောက်ဆိုရင်တော့ မိန်းကလေးတွေအနေနဲ့ လုံးဝကြိုက်နှစ်သက်မှာမဟုတ်ပါဘူး။မိန်းကလေးတွေဟာ ယောကျာ်းလေးတွေအပျော်အပါးနဲ့ မကင်းတာကို အတိုင်းအတာတစ်ခုအထိတော့ ခွင့်လွတ်နားလည်ပေးကြပါတယ်။

(၂) မိန်းကလေးတွေနဲ့ ရောရောနှောနှောနေခြင်း

Source : Getty Images

တစ်ချို့သောယောကျာ်းလေးတွေကို တွေ့ဖူးကြမယ်ထင်ပါတယ်။BFF အမည်ခံနဲ့ မိန်းကလေးတွေကို အရမ်းတွေခင်ပြ အရမ်းတွေရင်နှီးပြတက်တဲ့သူတွေမျိုးတွေရှိပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ယောကျာ်းလေးနဲ့ မိန်းကလေးတွေဆိုတာအတူတွဲရှိတက်နေပေမယ့် ဘယ်ပဲသွားသွား မိန်းကလေးတွေ တရုန်းရုန်းနဲ့ သွားလာသူ မိန်းကလေးတွေနဲ့ ခြေပုတ်ခေါင်းပုတ် စကားပြောဆိုတတ်သူ မိန်းကလေးတွေနဲ့ အရမ်းကြီး ရောရောနှောနှောနေသူတွေကိုတော့ သူတို့ရဲ့ လက်တွဲဖော်အဖြစ်ရွေးချယ်ကြမှာမဟုတ်ပါဘူး။

(၃) အလေးအနက်မရှိခြင်း

Source : Healthista

ဘယ်အရာအဆို ပေါ့ပေါ့ပျက်ပျက်နိုင်ခြင်း အလေးအနက်မရှိခြင်း ပြီးပြီးရောလုပ်တက်ခြင်း စတဲ့အကျင့်စရိုက်ရှိသူတွေကို မိန်းကလေးတွေအနေနဲ့ လုံးဝလုံးဝ သဘောမကျကြပါဘူး။မိန်းကလေးအနေနဲ့ သူတို့ထက်အသက်ကြီးတဲ့သူဖြစ်စေ ငယ်တဲ့သူဖြစ်စေ အသက်အရွှယ်ကိုထည့်စဉ်းစားကြမှာမဟုတ်ပါဘူး။ဒါပေမယ့် သူတို့အားကိုးအားထားပြုနိုင်သူ လူကြီးလူကောင်းဆန်သူ အရာရာကိုလေးလေးနက်နက်တွေးခေါ်ဆုံးဖြတ်တက်သူတွေကိုသာ ပိုပြီးသဘောကျတက်ကြတာဖြစ်ပါတယ်။

(၄) တစ်ကိုယ်ကောင်းဆန်ခြင်း

Source : Studio 5 – KSL.com

မိန်းကလေးအများစုက သူတို့ရဲ့လက်တွဲဖော်နဲ့ နှစ်ကိုယ်တစ်စိတ်ဖြစ်ချင်ကြတာပါ။ဘယ်အရာမဆိုသူတို့နဲ့ တိုင်ပင်တာမျိုး အသိပေးတာမျိုးကိုပဲလိုချင်တာဖြစ်ပါတယ်။ဒီလိုမှမဟုတ်ပဲ ငါဆိုတဲ့အတ္တကိုရှေ့တန်းတင်ပြီး တစ်ကိုယ်ကောင်းဆန်တတ်တယ်ဆိုရင်တော့ ဝေးဝေးက ရှောင်ကျဉ်ပါလိမ့်မယ်။

(၅) ဒေါသကြီးခြင်း

Source : savageloaded.com

ဒေါသစိတ်ဆိုတာတော့ လူတိုင်းမှာရှိတက်ပါတယ်။ယောကျာ်းလေးမှ ဒေါသစိတ်ရှိတာမဟုတ်ပါဘူး မိန်းကလေးတွေမှာလည်း ရှိတက်ပါတယ်။ဒါပေမယ့်ယောကျာ်းလေးတွေဒေါသကြီးပြီဆိုရင် အများစုက ဝုန်းဒိုင်းကျဲသောင်းကျန်းတက်တာမျိုးပါ။ဒီလိုမျိုး ဒေါသကြီးတဲ့ အကျင့်စရိုက်ကလည်း မိန်းကလေးအတွက် ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။ဒေါသကြီးမှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ စိတ်တိုတဲ့အခါ လက်ပါခြေပါတာမျိုးတွေကို လုံးဝလက်မခံနိုင်ကြပါဘူးနော်။