[Zawgyi ]



Source: Abel&Cole







[Unicode]

လူတွေက ဝိုင်နီကို အမျိုးမျိုးအသုံးပြုကြပါတယ်။ တချို့က အစာကြေစေဖို့အတွက်သောက်ပြီးတော့ တချို့က နာမကျန်းဖြစ်မှုတွေကို ကုသဖို့အတွက် သောက်သုံးကြတာတွေရှိပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်တွေကလည်း ဝိုင်နီကို ကျန်းမာရေးအရ မှီဝဲကြဖို့ ညွှန်ကြားလေ့ရှိကြပါတယ်။

ဒီနေ့ဆောင်းပါးမှာတော့ ဝိုင်နီသောက်ခြင်းမှ ရရှိလာမဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြပေးသွားမှာပါ။
ပြင်သစ်နိုင်ငံသားများရဲ့ ပုံမှန်အစားအသောက်များတွင် ဝိုင်နီလည်းပါဝင်သောကြောင့် ၎င်းတို့ကျန်းမာခြင်းဖြစ်ကြောင်း သုတေသနပြုမှုများစွာက ဖော်ပြသည်။ ဝိုင်နီတစ်ခွက်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါသည်။

Source: Abel&Cole

ဝိုင်တွင် နှလုံးသွေးကြောများထဲ မလိုလားအပ်သည့်အဆီများစုဝေးမှုကို လျှော့ချပေးနိုင်သည့် အားအကောင်းဆုံးဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းတစ်မျိုးပါဝင်သည်။ ဝိုင်နီတွင် နှလုံးသွေးကြောဆိုင်ရာရောဂါများ ကို ကာကွယ်ပေးသည့်ဒြပ်ပေါင်းများလည်း ပါဝင်ပါတယ်။ သို့သော် ဝိုင်ကို အတန်အသင့်သာသောက်သုံးသင့်ပါတယ်။

ဝိုင်နီသောက်ခြင်းဖြင့် သွားများပျက်စီးမှုနှင့် ဘက်တီးရီးယားများ ပေါက်ဖွားမှုကိုကာကွယ်ပေးနိုင်သလို သွားဖုံးရောင်ရမ်းမှုကို လျှော့ချပေးပြီး သွားဖုံးရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။

Source: Medical News Today

ဝိုင်နီတွင် နှစ်ခြိုက်စွာအိပ်စက်နိုင်ရန် အထောက်အကူပြုတဲ့ ဟော်မုန်းလည်းပါဝင်နေပါတယ်။  ပြီးတော့ဝိုင်နီသောက်ခြင်းခြင်းက အသက်ပိုရှည်နိုင်တယ်လို့ သိပ္ပံပညာရှင်များက ယုံကြည်ထားကြတယ်။ အယ်လ်ဇိုင်းမား (ဇရာကြိုရောဂါ)နှင့် အသိဉာဏ်ဆိုင်ရာပျက်စီးမှုရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

Source: Wine Enthusiast Magazine

ဝိုင်နီတွင်ပါဝင်သော ဇီဝဒြပ်ပေါင်းတစ်မျိုးက ကိုယ်ကာယစွမ်း ဆောင်ရည်ကိုတိုးတက်စေပြီး နှလုံးလုပ်ဆောင်ချက်ကို အားကောင်း စေကာ ကြွက်သားများကို ပိုမိုသန်မာလာစေကြောင်း သုတေသီများက လေ့လာတွေ့ရှိထားသည်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုသောဆိုရိုးစကားအတိုင်း ဝိုင်နီကို အတန်အသင့်သာသောက်သုံးသင့်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူများက လမ်းညွှန်ထားကြပါတယ်။