Bboy သမားတွေအတွက် ကကွက်အဆန်းတွေစိတ်ဝင်တစားလိုက်ရှာကြတာတွေအပြင် Breakdancing နဲ့ ပတ်သက်တဲ့ ဇာတ်ကားတွေကိုလည်း အရူးအမူး စုဆောင်းကြလိမ့်မယ် ထင်ပါတယ်။ တချို့ အကသမားတွေဆိုရင် ဒီလို Breakdancing ဇာတ်ကားတွေကို ကြည့်ရှူမိပြီး Bboy အဖြစ် အသက်မွေးဝမ်းကျောင်းပြုဖို့ ရွေးချယ်လိုက်ကြတဲ့သူတွေလည်းရှိပါတယ်။ Breakdancing ခွေတွေကို ရှာဖွေ ကြည့်ရှူလိုသူတွေအတွက် ခေတ်အဆက်ဆက် Breakdancing ကားကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

Beat Street

Source: BFI

ဒီ Beat Street ဇာတ်ကားကတော့ 1984 ခုနှစ်က ထွက်တဲ့ အမေရိကန် ဒရမ်မာရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ၁၉၈၀ ခုနှစ်အစောပိုင်းကာလတွေက နယူးယောက်မြို့ရဲ့ Breakdancing ၊ DJ-ing နဲ့ Graffiti အကြောင်းတွေကိုပါ ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Breakin’

Source: allaboutmovies.com

ဒီဇာတ်ကားလေးကလည်း 1984 ခုနှစ်က အမေရိကန်နိုင်ငံရဲ့ Breakdancing ယဉ်ကျေးမှုကို အခြေခံရိုက်ကူးထားတဲ့ ဟာသ ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်ပါ။ငယ်ရွယ်လှပတဲ့ Dancer ကောင်မလေးတစ်ယောက်အကြောင်းကို ဟာသရောစွက် ရိုက်ကူးထားတဲ့ ဒရမ်မာကားလေးဖြစ်ပါတယ်။

Wild Style 

Source: zona57.com

ဒီကားကလည်း 1983 ခုနှစ်က ကားလေးပါပဲ။ ဒီကားလေးထဲမှာ အဓိက ပုံဖော်ထားတာကတော့ ဂရပ်ဖစ်တီအနုပညာရှင် တစ်ယောက်ရဲ့ အကြောင်းကို ပုံဖော်ထားတာပါ။ ဇာတ်လမ်းထဲမှာတော့ အနုပညာရှင်လူငယ်တစ်ယောက်ရဲ့ ဘဝ ခံယူချက်နဲ့ အတူ အချစ်တွေပါဝင် ပုံဖော်ထားပါတယ်။ ဂရပ်ဖစ်တီဆိုပေမယ့်လည်း Breakdancing, Freestyle MCing နဲ့ Hip-Hopလောကအကြောင်း စုံစုံလင်လင် ရိုက်ကူးတင်ဆက်ထားတဲ့ ကားပဲဖြစ်ပါတယ်။

Step Up 2: The Streets 

Source: i.jeded.com

ဒီကားလေးကတော့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ American Dance Film  ဇာတ်ကားလေးပါ။ Street Dancer တစ်ယောက်ဘဝကို အရူးအမူးလိုချင်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ အကပညာရှင်ဘဝကို လိုချင်ပေမယ့်လည်း မိခင်က ဆုံးပါးသွားခဲ့ပြီး ဆင်းရဲချို့တဲ့စွာ ကိုယ့်ဘဝကို ကျောင်းနေရတဲ့အတွက် သူ့ရဲ့အိပ်မက်တွေဆီရောက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပုံကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ါပါတယ်။

Breakin’ 2: Electric Boogaloo 

Source: i.ytimg.com

ဒီကားကတော့ Breakin’ ကားရဲ့ နောက်ဆက်တွဲကားဖြစ်ပါတယ်။ Breakin’ ကားထဲက ပါဝင်ခဲ့တဲ့ Kelly, David နဲ့ Jason ဆိုတဲ့ Bboy လူငယ်လေး သုံးယောက်ပြန်လည် ပါဝင်လာမှာဖြစ်ပါတယ်။ ရူးသွပ်မှုတွေအတွက် ရပ်တည်တဲ့နေရာမှာ ဘဝကို ဘယ်လို တည်ဆောက်ယူရသလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်ကြရမှာဖြစ်ပါတယ်။