အရှေ့မှာ Breakdance လောကထဲက အကောင်းဆုံး Breakdancing ရုပ်ရှင်ကားများ အပိုင်း (၁) ကို ဖော်ပြပေးပြီးသွားပါပြီ။ အခုတစ်ခါမှာလည်း နောက်ထပ် ဇာတ်ကားကောင်းလေးများကို ဖော်ပြပေးသွားမှာဖြစ်လို့ ဖတ်ပြီးသွားတဲ့အခါမှာ သေချာပြန်ရှာပြီး ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါအုံးနော်။

Style Wars

Source: vignette.wikia.nocookie.net

ဒီကားကတော့ ဂရပ်ဖစ်တီနဲ့ ပတ်သက်ရင် လူသိအများဆုံးကားဖြစ်ပါတယ်။ 1983 ခုနှစ် အမေရိကန် မှတ်တမ်းရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဟစ်ဟော့ယဉ်ကျေးမှု စတင်ရာအကြောင်းတွေ၊ Bboying တွေနဲ့ Rapping တွေ ဂရပ်ဖစ်တီတွေအကြောင်း စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ လူတွေရဲ့ Culture တစ်ခုအပြောင်းအလဲတွေအကြောင်းကို စိတ်ဝင်စားဖွယ် ပုံဖော်ထားတာပါ။

You Got Served   

Source: dailymotion.com

အမေရိကန် အကဒရမ်မာ ရုပ်ရှင် ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားက David and Elgin ဦးဆောင်တဲ့ အကအဖွဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ Street Dancing တွေအပေါ် အခြေခံရိုက်ကူးထားတဲ့ ဒီအကြောင်းမှာတော့ အားမာန်အပြည့်နဲ့ ဘဝကို ယုံကြည်ရာတွေနဲ့အတူ ကျော်ဖြတ်နေတဲ့ အကအဖွဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ရာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။

Step Up    

Source: resources.wimpmusic.com/

ဒီကားလေးကတော့ 2006 ခုနှစ်က ထွက်တဲ့ အမေရိကန် အချစ် ဇာတ်ကားလေးပါ။ ကျောင်းတစ်ဖက်နဲ့ အလုပ်တွေလုပ်ရင်း ကိုယ်ရင်ခုန်ရာ အကတွေအပေါ် စီးမျောဖို့ ကြိုးစားရင်းနဲ့ တွေ့ခဲ့ကြတဲ့ ကောင်လေး နဲ့ ကောင်မလေးအကြောင်းပါ။ သူတို့နှစ်ယောက်ရဲ့ အနာဂါတ်ကို သူတို့ရူးသွပ်တဲ့ အရာတွေပေါ် မြုပ်နှံရင်း အတူလက်တွဲ ကျော်ဖြတ်သွားခဲ့ကြတဲ့အကြောင်းလေးကို ရင်ခုန်ဖွယ်ရာ စိတ်လှုပ်ရှားဖွယ်ရာ ကကွက်တွေနဲ့အတူ မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။

The Freshest Kids: A History of the B-Boy 

Source: toxic-music-pro

ဒီကားလေးကတော့ 2002 ခုနှစ်က ထွက်ထားတဲ့ မှတ်တမ်းရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ Bboy တစ်ယောက်ရဲ့ ဘဝအကြောင်းကို စိတ်ဝင်စားဖွယ်ရာ ခြယ်မှုန်းရိုက်ကူးထားတာပါ။ Bboy အဖြစ်နဲ့ ဘဝကို လျှောက်လှမ်းဖို့ ရွေးချယ်တဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေ နဲ့အတူ ကောင်လေးတစ်ယောက်ရဲ့ ဘဝကို မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်။

Step Up 3D

Source: wallpapers.99px.ru

ဒီကားကတော့ Step Up 3 အဖြစ် လူပိုသိကြပါတယ်။ ရှေ့က Step Up နဲ့ Step Up 2 တို့ရဲ့ နောက်ဆက်တွဲကားပဲဖြစ်ပါတယ်။ အင်ဂျင်နီယာအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေရပေမယ့် အကကို ခုန်မင်ရူးသွပ်တဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ ဖခင်ဖြစ်သူကို နောက်ထပ် ဘယ်တော့မှ မကတော့ပါဘူးလို့ ကတိတွေပေးထားပေမယ့်လည်း တကယ်တမ်း အကသမားတွေနဲ့ ပြန်လည်ဆုံတွေ့တဲ့အခါ သူ့ကတိထက် သူ့ရူးသွပ်မှုကိုသာ ရွေးချယ်လိုက်မိတဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြောင်း ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။

Planet B-Boy       

Source: thestar.com

ဒီကားလေးကတော့ မှတ်တမ်းရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ Bboy တွေရဲ့ ဘဝနဲ့ ယဉ်ကျေးမှုပုံစံ သမိုင်းကြောင်းတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်။ အကပြိုင်ပွဲအကြောင်းတွေ၊ Street Performances တွေနဲ့ အတူ အကပြိုင်ပွဲမှာ ဝင်ေ၇ာက်ယှဉ်ပြိုင်ကြတဲ့ Bboy တွေရဲ့ ရူးသွပ်မှုအိပ်မက်တွေကိုပါ မြင်တွေ့ကြရမှာပါ။ ဒါ့အပြင် ဒီကားလေးဟာ Film Festival တွေမှာ ဆုပေါင်းများစွာ ဆွတ်ခူးရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။