Music တေးဂီတဟာ တဖြည်းဖြည်း နည်းပညာဖြစ်လာပါတယ်။ ပြောချင်တဲ့သဘောက တေးဂီတလော ကဟာလည်း နည်းပညာရဲ့လွှမ်းမိုးမှုကို ခံလာရပါတယ်။ တကယ်လို့ သီးချင်းတစ်ပုဒ်ကို နားထောင်ချင်တယ်ဆိုလဲ Amazing-Sounding Headphones တွေနဲ့ ပြင်ပကအသံ လုံးဝမဝင်ပဲ Soundproof ဖြစ်ပြီး တစ်ယောက်ထဲ Music အနှစ်သာရအပြည့်ကို ကြည်လင်ပြတ်သားစွာ ခံစားနိုင်မှာပါ။
Source: Shutterstock
နောက်ပြီး Bathroom ထဲမှာ သင်ရေချိုးရင်းနဲ့ သီးချင်းနားထောင်ချင်တယ်ဆိုလည်း Waterproof Sound Box တွေပေါ်နေပါပြီ။ ဒီလိုတိုးတက်လာတဲ့ နည်းပညာတွေက ကျွန်တော်တို့ကို တေးဂီတနဲ့ပတ်သက်ပြီး ဖန်တီးမှု အသစ်တွေပြုလုပ်နိုင်အောင် အထောက်အကူပြုလာပါတယ်။
Source: Shutterstock
အခုနောက်ပိုင်း Musical ပိုင်းကို ရှုးသွပ်တဲ့လူငယ်တွေအတွက်ဆို ကိုယ်ပိုင် Own Tune ၊ ကိုယ်စိတ်ဝင်စားရာ တေးဂီတကို ဖန်တီးဖို့ရာပိုပြီးလွယ်ကူလာပါတယ်။ တေးဂီတနဲ့ပတ်သက်ပြီး အတတ်ပညာရှိဖို့ရယ် နောက်ပြီး နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတရှိဖို့ပဲလိုအပ်ပါတယ်။
Source: roli.com
ဒီလို Music ဖန်တီးမှုပိုင်းကို စိတ်ဝင်စားတယ်ဆိုရင်တော့ Music နဲ့ဆိုင်တဲ့ Technological Device နှစ်ခုကို Recommend ပေးချင်ပါတယ်။ ပထမတစ်ခုက သင့်လက်ချောင်းလေးတွေနဲ့ပဲ သီချင်းတွေကို ဖန်တီးနိုင်မယ့် ပေါ့ပါးပြီးထိရတာလွယ်ကူတဲ့ Roli Lightpad Blocks ပဲဖြစ်ပါတယ် တစ်ချို့ဆို Cover Song တွေ You-Tube မှာပြန်ဆိုတဲ့အခါတွေမှာ Instrument အနေနဲ့လည်း အသုံးပြုပါတယ်။
Source: gear4music.com
နောက်တစ်ခုကတော့ Teenage Engineering’s OP-1 လို့ခေါ်တဲ့ Pocket Synth ပဲဖြစ်ပါတယ် နည်းပညာအသိရှိပြီးသုံးတတ်တဲ့သူတွေ အတွက်ဆို တော်တော်အသုံးဝင်မှာပါ။ သင်ဘယ်နေရာပဲရောက်ရောက် အရင်ကထက် သီချင်းတွေကို လွယ်လွယ်ကူကူ နားထောင်နိုင်ပြီး တေးဂီတကို မြန်မြန်ဆန်ဆန် ဖန်တီးနိုင်မှာ အသေအချာပါ။