သင်ဟာ ယောကျာ်းလေးတစ်ယောက်ဖြစ်ပေမယ့် ဆံပင်ရှည်ကို ထိန်းသိမ်းနိုင်သူဆိုရင်တော့ အရာရာကိုစိတ်ရှည်နိုင်၊ ရောင့်ရဲနိုင်၊ သည်းခံနိုင်စိတ်များသူ တယောက်ဖြစ်တယ်လို့ Psychologist တွေကသုံးသပ်ထားပါတယ်။ စာရေးသူသတိထားမိသလောက်တော့ ယောကျာ်းလေးအများစုဟာ အလယ်အလတ်အရွယ်မှာ များသောအားဖြင့်၂၂ ကျော်ကျော်လောက်မှာ ဆံပင်ရှည်ထားဖို့ ပိုးဝင်လာတတ်ပါတယ်။

Source: fashionbeans.com

ဒါပေမယ့် ဆံပင်ရှည်ထားတာဟာ ယောကျာ်းလေးတိုင်းနဲ့မလိုက်ပါဘူး။ ဒီလိုနဲ့ပဲ မလိုက်လို့မထားဖြစ်သူနဲ့ မထိန်းသိမ်းနိုင်လို့မထားတော့တဲ့သူနဲ့ စိတ်မရှည်လို့မထားတော့တယ်လူနဲ့ ကိုယ့်ရဲ့ရည်ရွယ်ချက်ကို အကြောင်းအမျိုးမျိုးကြောင့် လက်လျှော့တတ်ကြပါတယ်။ ဒီလိုတွေမဖြစ်ရလေအောင်၊ ကွီးတို့အိမ်မက်တွေ အကောင်ထည်ဖော်နိုင်ရလေအောင်၊ ဆံသလှပ ပုရိသတွေဖြစ်ရလေအောင် ၂၀၁၈ ခုနှစ်မှာ ရေပန်စားမယ့် ဆံပင်အရှည်ပုံစံ အလန်းလေးတွေကို အလင်းပြလိုက်ပါတယ်။

Source: fashionbeans.com

သူများလှတဲ့ ဆံပင်ပုံစံနဲ့ ကိုယ့်နဲ့လည်းလှမှာပဲလို့ မယူဆစေချင်ဘူး မျက်နှာပုံစံ ဆံသားပေါ်မူတည်ပြီး ကွာခြားချက်တွေရှိပါတယ်။ လူတယောက်နဲ့ တယောက်ဟာ မျက်နှာကျပုံ မတူပေမဲ့ ကိုယ်နဲ့ အနီးစပ်ဆုံးဖြစ်မယ့် Face Shape နဲ့ ကိုက်မယ့် ပုံစံကိုနေတော့ အလေးပေးရွေးချယ်သင့်ပါတယ်။ အရွေးချယ်မမှားရလေအောင် အတည်ပြုတဲ့အနေနဲ့ ကိုယ့်ကို အပြတ်ဝေဖန်ပေးမယ့် သူငယ်ချင်း အရင်းအချာတွေကိုလည်းမေးပြီး အကြံဥာဏ် အရင်တောင်းသင့်ပါတယ်။ ကွီးတို့ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ပါစေ။

Source: fashionbeans.com

Source: fashionbeans.com