သီချင်းတွေဆိုတာ တစ်နှစ်နဲ့ တစ်နှစ် ထုတ်လွှင့်ကြတဲ့ပုံစံတွေလည်းမတူကြပါဘူး။ ကိုယ်ကြိုက်တဲ့အဆိုတော်အပေါ်မူတည်ပြီး အားပေးကြတာရှိသလို ကိုယ်ကြိုက်တဲ့သီချင်းအမျိုးအစားမျိုးအပေါ်မူတည်ပြီး အားပေးကြတာလည်း ရှိကြပါတယ်။ သီချင်းအမျိုးအစားတွေအများကြီးထဲမှာမှ အချစ်သီချင်းတွေက လူတိုင်းရဲ့ ရင်ထဲကို တိုက်ရိုက်ထိစေပါတယ်။
အခုတော့ ၂၀၁၇လည်းပြီးဆုံးလို့သွားခဲ့ပြီ။ ၂၀၁၈ခုနှစ်ထဲကိုရောက်လာတာလည်း သုံးလပြည့်လုနီးနေပြီ။ ဒီသုံးလအတွင်းထဲမှာ အမိုက်စား အချစ်သီချင်းလေးတွေကို လက်လှမ်းမှီသလောက်ပြောပြပေးသွားမှာဖြစ်ပါတယ်။
၁။ “Love Lies” – Khalid & Normani

Source: https://atrl.net
Love Lies အချစ်သီချင်းကို Khalid နဲ့ Fifth Harmony က Member Girl တစ်ယောက်ဖြစ်တဲ့ Normani တို့ပေါင်းစပ်ပြီး သီဆိုထားတာဖြစ်ပါတယ်။ Official MTV မှာလည်း Normai ရဲ့ ဆွဲဆောင်မှုပြင်းလှတဲ့ ခန္ဓာကိုယ်အလှနဲ့ ညှိ့အားပြင်းလွန်းတဲ့ကကွက်တွေက သီချင်းထဲကို စီးမျောသွားအောင် ပရိသတ်တွေကို ခေါ်ဆောင်သွားနိုင်ပါတယ်။
၂။ “Getting Over You” – Lauv

Source: introlyrics.comg
Lauv က နာမည်သိပ်မကြီးသေးဘူးဆိုပေမယ့်လည်း သူရဲ့ ချိုသာပြီးညင်သာတဲ့ အသံလေးနဲ့ Electronic ဆန်ဆန် Jazz သီချင်းတွေကိုသီဆိုတဲ့ဟန်လေးက နားထဲမှာ ထပ်တလဲလဲနားထောင်နေစရာမလိုလောက်အောင်ကို စွဲနေစေပါတယ်။ စာသားလေးကတော့ နာကြည်းစရာတွေနဲ့ ပဲ ကုန်ဆုံးလာခဲ့ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ အဖြစ်ကိုရေးသားထားတာဖြစ်ပါတယ်။
၃။ “For You” – Rita Ora and Liam Payne

Source: Billboard
ဒီသီချင်းကတော့ Fifty Shades Freed ဇာတ်လမ်းက ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Fifty Shades ဇာတ်ကားကို မကြိုက်ဘူးဆိုရင်တောင်မှာ သီချင်းကိုတော့ကြိုက်နှစ်သက်နိုင်လောက်ပါတယ်။ Rita Ora နဲ့ One Direction အဖွဲ့က Member တစ်ယောက်ဖြစ်ခဲ့ဖူးသူ Liam Payne ပေါင်းစပ်ပြီး သီဆိုထားတာဖြစ်ပါတယ်။
၎။ “Faded Love” – Tinashe ft. Future

Source: pm studio
2 On သီချင်းနဲ့ စတင်ပြီး နာမည်ကြီးလာခဲ့သူတစ်ဦးဖြစ်တဲ့ Tinashe နဲ့ Future သီဆိုထားတဲ့ Faded Love ဆိုတဲ့သီချင်းလေးလည်း နားထောင်လို့ကောင်းပါတယ်။ သူ့ရဲ့ဆွဲဆောင်မှုတွေ သီချင်းပုဒ်တိုင်းက ကကွက်တွေအားလုံးကို လေ့လာပြီးနောက် Cardi B နဲ့ Beyoncé တို့ကို ခြေရာတိုင်းနိုင်မယ့်သူလို့ သတ်မှတ်ထားခံနေရသူလည်းဖြစ်ပါတယ်။
၅။ “You Make It Easy” – Jason Aldean

Source: Country Fancast
သင်က Country အချစ်သီချင်းတွေကိုနားထောင်ရတာကြိုက်တဲ့သူဆိုရင်တော့ Jason Aldean သီဆိုထားတဲ့ “You Make It Easy”သီချင်းကို နားထောင်သင့်ပါတယ်နော်။ “With every little thing you do / You’re my sunshine in the darkest days / My better half, my saving grace / You make me who I wanna be / You make it easy.” ဆိုတဲ့သီချင်းစာသားလေးတွေနဲ့ ပရိသတ်ကို ဖနမ်းစားထားတာဖြစ်ပါတယ်။
၆။ “Heaven’s Gate” – Fall Out Boy

Source: Yalle Media
နောက်ဆုံးအနေနဲ့ အချစ်သီချင်းအမိုက်စားတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သီချင်းနာမည်ကတော့ Heaven’s Gate လို့ အမည်ရပြီး Rock ပုံဆန်လေးတော့ဆန်ပေမယ့် သူစာသားအဓိပ္ပါယ်လေးတွေက ရိုမန်တစ်ဆန်လွန်းလှပါတယ်။ အဆိုတော်ကတော့ Fall Out Boy ဖြစ်ပါတယ်။ Album နာမည်ကတော့ Mania ပါတဲ့နော်။