(Unicode)

မွေးရာပါဆံပင်ကောက်တဲ့အမျိုးသားတွေအတွက် စိတ်ညစ်ရတဲ့အချိန်ကတော့ အပြင်ထွက်ခါနီးတိုင်း ဆံပင်ဖြီးနေရတဲ့ဒုက္ခပဲဖြစ်ပါတယ်။ ဆံပင်အရှည်ထားချင်ပြန်ရင်လည်း ဆံပင်တွေက ကွေးကွေးကောက်ကောက်နဲ့ ရှုပ်ပွနေတော့တာပါပဲ။

ဒါပေမဲ့ ကျွမ်းကျင်တဲ့ဆံပင်ညှပ်ဆရာနဲ့တွေ့ရင်တော့ သင့်ရဲ့ရုပ်သွင်က ကမ္ဘာကျော်မင်းသားတွေတောင် အရှုံးပေးရလောက်ပါတယ်။ ဒါဆိုရင် မင်းသားတွေ ရှုံးရလောက်အောင် ဘယ်လိုဆံပင်စတိုင်လ်လေးထားသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

မျက်နှာသေးပြီး ဆံပင်ကောက်တဲ့အမျိုးသားနဲ့ လိုက်ဖက်တဲ့ဆံပင်စတိုင်လ်ပဲဖြစ်ပါတယ်။ တကယ်လို့ သင်က အသားဖြူတယ်ဆိုရင် ဆံပင်ကို အညိုရောင်ဆိုးပေးလိုက်မယ်ဆိုရင်တော့ အင်္ဂလိပ်မင်းသားအလား အမှတ်မှားခံရနိုင်ခြေရှိပါတယ်။

ဆံပင်ကို အနောက်လှန်ဖြီးထားလို့လည်း ရပါသေးတယ်။

မေးရိုးချွန်ချွန်အမျိုးသားတွေအနေနဲ့ ဆံပင်ကောက်ကို အရှည်ထားချင်ရင် ဒီကေညှပ်လိုက်ပါ။

ဆံပင်ကောက်တဲ့အမျိုးသားတွေ ဆံပင်အရှည်ထားရင် ကြည့်မကောင်းဘူးလို့ ဘယ်သူပြောသလဲ။ ဒါပေမဲ့ ဆံပင်အရှည်ကို သေသေချာချာ ထိန်းသိမ်းစောင့်ရှောက်ဖို့တော့ လိုအပ်ပါတယ်။

ဆံပင်အကောက်ကို တိုတိုကပ်ကပ်ညှပ်ထားလိုက်ရင်လည်း လူကြီးလူကောင်းဆန်ဆန်နဲ့ ကြည့်ကောင်းနေမှာပါ။

ဆံပင်အကောက်အရှည်ကို ခွဲကြောင်းမထားဘဲ အရှေ့ဘက် ပို့ထားတဲ့ဆံပင်စတိုင်လ်နဲ့ လိုက်ဖက်တဲ့ မျက်နှာကျတော့ မျက်နှာရှည်တဲ့အမျိုးသားတွေပဲဖြစ်ပါတယ်။

မေးနှစ်ခွရှိတဲ့ အမျိုးသားများနဲ့လိုက်ဖက်သော ဆံပင်အကောက်စတိုင်လ်

ဆံပင်လှိုင်းတွန့်အကြီးကောက်တဲ့ အမျိုးသားများနဲ့ လိုက်ဖက်သောဆံပင်စတိုင်လ်

ဦးခေါင်းဘေးနှစ်ဖက်နဲ့ အနောက်ခြမ်းကို တိုတိုကပ်ကပ်ညှပ်ထားပြီး အရှေ့ဘက်အခြမ်းကိုတော့မညှပ်ဘဲ အရှည်ထားလို့လည်း ရပါတယ်။

အနောက်ကို လှန်ဖြီးထားကာ အရှေ့ဘက်ကို ဆံပင်အကွေးတစ်ချောင်းချထားရင် စတိုင်တစ်မျိုးလေးနဲ့ မိုက်နေမှာပါ။

ဆံပင်အလယ်ခွဲထားပြီး ဆံပင်အဖျားကောက်တဲ့အမျိုးသားများက အရှည်ထားချင်တယ်ဆိုရင် ဒီဆံပင်ကေထားလိုက်ပါ။

စတိုင်လ်ကျပြီးဆွဲဆောင်မှုရှိတဲ့ အမျိုးသားများနဲ့လိုက်ဖက်တဲ့ ဆံပင်အကောက်စတိုင်လ်အမျိုးမျိုးကိုလည်း ဆက်လေ့လာကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

အခုဖော်ပြသွားတဲ့ ဆံပင်စတိုင်လ်တွေကို ရွေးရခက်နေတယ်ဆိုရင် ကူရွေးပေးနိုင်မယ့်တစ်ယောက်ယောက်ကို မန်းရှင်းခေါ်ရင်း ကျွမ်းကျင်တဲ့ဆံသဆရာဆီမှာ အခုပဲ သွားညှပ်လိုက်ကြရအောင်။

Source: Fashionbeans.com

(Zawgyi)

ေမြးရာပါဆံပင္ေကာက္တဲ့အမ်ိဳးသားေတြအတြက္ စိတ္ညစ္ရတဲ့အခ်ိန္ကေတာ့ အျပင္ထြက္ခါနီးတိုင္း ဆံပင္ၿဖီးေနရတဲ့ဒုကၡပဲျဖစ္ပါတယ္။ ဆံပင္အ႐ွည္ထားခ်င္ျပန္ရင္လည္း ဆံပင္ေတြက ေကြးေကြးေကာက္ေကာက္နဲ႔ ႐ႈပ္ပြေနေတာ့တာပါပဲ။

ဒါေပမဲ့ ကြ်မ္းက်င္တဲ့ဆံပင္ညွပ္ဆရာနဲ႔ေတြ႔ရင္ေတာ့ သင့္ရဲ႕႐ုပ္သြင္က ကမာၻေက်ာ္မင္းသားေတြေတာင္ အ႐ႈံးေပးရေလာက္ပါတယ္။ ဒါဆိုရင္ မင္းသားေတြ ႐ႈံးရေလာက္ေအာင္ ဘယ္လိုဆံပင္စတိုင္လ္ေလးထားသင့္သလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

မ်က္ႏွာေသးၿပီး ဆံပင္ေကာက္တဲ့အမ်ိဳးသားနဲ႔ လိုက္ဖက္တဲ့ဆံပင္စတုိင္လ္ပဲျဖစ္ပါတယ္။ တကယ္လို႔ သင္က အသားျဖဴတယ္ဆိုရင္ ဆံပင္ကို အညိဳေရာင္ဆိုးေပးလိုက္မယ္ဆိုရင္ေတာ့ အဂၤလိပ္မင္းသားအလား အမွတ္မွားခံရႏိုင္ေျခ႐ွိပါတယ္။

ဆံပင္ကို အေနာက္လွန္ၿဖီးထားလို႔လည္း ရပါေသးတယ္။

ေမး႐ိုးခြ်န္ခြ်န္အမ်ိဳးသားေတြအေနနဲ႔ ဆံပင္ေကာက္ကို အ႐ွည္ထားခ်င္ရင္ ဒီေကညွပ္လိုက္ပါ။

ဆံပင္ေကာက္တဲ့အမ်ိဳးသားေတြ ဆံပင္အ႐ွည္ထားရင္ ၾကည့္မေကာင္းဘူးလို႔ ဘယ္သူေျပာသလဲ။ ဒါေပမဲ့ ဆံပင္အ႐ွည္ကို ေသေသခ်ာခ်ာ ထိန္းသိမ္းေစာင့္ေ႐ွာက္ဖို႔ေတာ့ လိုအပ္ပါတယ္။

ဆံပင္အေကာက္ကို တိုတိုကပ္ကပ္ညွပ္ထားလိုက္ရင္လည္း လူႀကီးလူေကာင္းဆန္ဆန္နဲ႔ ၾကည့္ေကာင္းေနမွာပါ။

ဆံပင္အေကာက္အ႐ွည္ကို ခြဲေၾကာင္းမထားဘဲ အေ႐ွ႕ဘက္ ပို႔ထားတဲ့ဆံပင္စတိုင္လ္နဲ႔ လိုက္ဖက္တဲ့ မ်က္ႏွာက်ေတာ့ မ်က္ႏွာ႐ွည္တဲ့အမ်ိဳးသားေတြပဲျဖစ္ပါတယ္။

ေမးႏွစ္ခြ႐ွိတဲ့ အမ်ိဳးသားမ်ားနဲ႔လိုက္ဖက္ေသာ ဆံပင္အေကာက္စတိုင္လ္

ဆံပင္လႈိင္းတြန္႔အႀကီးေကာက္တဲ့ အမ်ိဳးသားမ်ားနဲ႔ လိုက္ဖက္ေသာဆံပင္စတိုင္လ္

ဦးေခါင္းေဘးႏွစ္ဖက္နဲ႔ အေနာက္ျခမ္းကို တိုတိုကပ္ကပ္ညွပ္ထားၿပီး အေ႐ွ႕ဘက္အျခမ္းကိုေတာ့မညွပ္ဘဲ အ႐ွည္ထားလို႔လည္း ရပါတယ္။

အေနာက္ကို လွန္ၿဖီးထားကာ အေ႐ွ႕ဘက္ကို ဆံပင္အေကြးတစ္ေခ်ာင္းခ်ထားရင္ စတိုင္တစ္မ်ိဳးေလးနဲ႔ မိုက္ေနမွာပါ။

ဆံပင္အလယ္ခြဲထားၿပီး ဆံပင္အဖ်ားေကာက္တဲ့အမ်ိဳးသားမ်ားက အ႐ွည္ထားခ်င္တယ္ဆိုရင္ ဒီဆံပင္ေကထားလိုက္ပါ။

စတိုင္လ္က်ၿပီးဆြဲေဆာင္မႈ႐ွိတဲ့ အမ်ိဳးသားမ်ားနဲ႔လိုက္ဖက္တဲ့ ဆံပင္အေကာက္စတိုင္လ္အမ်ိဳးမ်ိဳးကိုလည္း ဆက္ေလ့လာၾကည့္လို႔ရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

အခုေဖာ္ျပသြားတဲ့ ဆံပင္စတိုင္လ္ေတြကို ေရြးရခက္ေနတယ္ဆိုရင္ ကူေရြးေပးႏိုင္မယ့္တစ္ေယာက္ေယာက္ကို မန္း႐ွင္းေခၚရင္း ကြ်မ္းက်င္တဲ့ဆံသဆရာဆီမွာ အခုပဲ သြားညွပ္လိုက္ၾကရေအာင္။

Source: Fashionbeans.com