ဘယ်လောက်ပဲ အမျိုးသားဝတ် ဒီဇိုင်းအသစ်တွေပေါ်လာပေါ်လာ တီရှပ်တွေကတော့ ဘယ်တော့မှ ဒိတ်အောက်သွားတယ်ဆိုတာမျိုးမရှိပါဘူး။ Casual Outfit ဖြစ်တဲ့အပြင် ဘယ်အချိန်ချိန်ဖြစ်ဖြစ် ဟိုသွားဒီသွား ဝတ်လို့ရပြီး ပစ်ပယ်လို့မရတဲ့ Style Essential မှာထိပ်ဆုံးကပါပါတယ်။ ငယ်ငယ်ကတည်းကကြီးတဲ့ အထိ တီရှပ်မဝတ်ဘူးတဲ့ယောက်ျားလေးမရှိပါဘူး။

Source: theidleman.com

နောက်ပြီးအမျိုးသားတိုင်းမှာ သူတို့ကြိုက်နှစ်သက်ပြီး ဘယ်သွားသွားဝတ်တဲ့ တီရှပ်တစ်ထည်အမြဲရှိတတ်ပါတယ်။ အသားနဲ့ထိလိုက်ရင် ဝတ်လို့ကောင်းလို့ ကြိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်သလို နာမည်ကြီး Brand ဖြစ်လို့အမြဲဝတ်ချင်တာမျိုးလည်းရှိပါတယ်။ သင့်မှာရောအဲ့လို Favorite Tee ရှိလား မရှိသေးဘူးဆိုရင်တော့ ဘယ်တော့မှမချွတ်ချင်တော့ပဲ စိတ်ကြိုက်ဝတ်လို့ရမယ့် Perfect Tee ကို ဘယ်အချက်အလက်တွေနဲ့ ကိုက်ပြီးဝယ်သင့်လဲ ဆိုတာကိုပြောပြပေးချင်ပါတယ်။

Source: theidleman.com

ပထမဦးဆုံး Perfect Fit ဖြစ်ဖို့ကိုဦးစားပေးရပါမယ်။ ပခုံးအကျယ် လက်မောင်း ခါး စတဲ့ နေရာတွေမှာ ကွက်တိကျ ဖို့လိုပါတယ်။

ဒုတိယအနေနဲ့ အရောင်ကို ကိုယ်အသားအရေနဲ့ လိုက်အောင်ရွေးတတ်ဖို့လိုတဲ့ အပြင် ကိုယ်ကြိုက်နှစ်သက်တဲ့ကာလာ ဖြစ်ဖို့လိုပါတယ်။ Neutral အရောင်တွေရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဥပမာ အဖြူ ၊ အနက် ၊ မီးခိုး ၊ ရေတပ် အပြာ ၊ Shades တွေအစရှိတဲ့ ဘယ်တော့မှမရိုးသွားစေမယ့် အရောင်တွေရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

Source: theidleman.com

တတိယအချက်ကတော့ တီရှပ်ဝယ်မယ်ဆို လည်ပင်းပုံစံက အဓိကကျလို့ ကိုယ်နဲ့လိုက်ဖက်တဲ့ Neck Shape ရှိတဲ့ တီရှပ်ကိုရွေးချယ်တတ်ဖို့ပဲလိုပါတယ်။

နောက်ဆုံး အနေနဲ့တော့ Fabric Choice ပါပဲ Texture အသားကိုကြည့်သင့်ပါတယ်။ ဒီလိုအင်္ကျီသားကိုရွေးချယ်ရမယ့်နေရာမှာ ထည့်တွက်သင့်တာက Designer ၊ Premium ၊ High Street ဆိုပြီး သုံးမျိုးသုံးစားရှိပါတယ်။

အထက်ဖော်ပြပါ အချက်တွေနဲ့ကိုက်မယ့် Perfect Tee ကိုရှာပြီးဝယ်ယူနိုင်အောင် ဝေမျှပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။