အိမ်မွေးခွေးလေးတွေ၊ ကြောင်လေးတွေကို မချစ်တဲ့သူရှားပါတယ်။ ဒါပေမယ့် လူတိုင်းက အလုပ်ရှုပ်မှာ၊ ကိုယ်နဲ့မတည့်မှာ ဒါမှမဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် အိမ်မွေးတိရစ္ဆာန်လေးတွေကို မမွေးကြပါဘူး။ အဲ့ဒီအတွက် ဘယ်လိုမျိုး တိရစ္ဆာန်လေးတွေကို အိမ်မှာမွေးတာက ကိုယ့်အတွက် အဖော်လည်းရ၊ အဆင်လည်းပြေမလဲဆိုတာကို ဖော်ပြသွားပါမယ်။

ယုန်

Source: Twickenham Veterinary Surgery

ယုန်လေးတွေက လှောင်အိမ်ထဲမှာပဲ တစ်ချိန်လုံးထည့်ပြီး မွေးလို့မရတဲ့အကောင်လေးတွေပါ။ သူတို့က အိမ်တစ်ခုလုံးကို လျှောက်သွားနေမှာပါ။ ဒါပေမယ့် သူတို့က ထင်သလောက်တော့ သင်ပေးရမခက်ဘဲ လူတွေကို ချစ်ပြီးဥာဏ်ကောင်းပါတယ်။ အဲ့တော့ လုံခြုံတဲ့အခန်းတစ်ခုရှိနေပြီး အချိန်ကောင်းကောင်းပေးနိုင်တယ်ဆိုရင် သူတို့ကြောင့် ပျော်နေရမှာပါ။

ရွှေငါး

Source: NT Labs

ရွှေငါးလေးတွေကို ရေကန်ထဲမှာ အပင်လေးတွေ၊ အောက်ဆီဂျင်တုံးလေးတွေနဲ့ မွေးတာကလည်း သူတို့ကို လိုက်ကြည့်နေရုံနဲ့တင် စိတ်ပင်ပန်းတာကို ပြေပျောက်စေပါတယ်။ ရွှေငါးလေးတွေက နေ့တိုင်းသေချာဂရုစိုက် အစာကျွေးနေဖို့တော့လိုပြီးတော့ တကယ်လို့ သေချာဂရုစိုက်နိုင်တယ်ဆိုရင် သူတို့ရဲ့ သက်တမ်းက နှစ် ၃၀ အထိ ရှိနိုင်တယ်နော်။

ဟမ်းစတား

Source: PETA Kids

ဟမ်းစတားလေးတွေက ချစ်ဖို့အကောင်းဆုံးနဲ့ ဘယ်သွားသွား အိပ်ကပ်ထဲထည့်ပြီး သယ်သွားလို့ရတဲ့အတွက် လူတိုင်းမွေးချင်တဲ့အကောင်လေးတွေထဲမှာပါ ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သက်တမ်းက ၁ နှစ်ကနေ ၂ နှစ်ဝန်းကျင်လောက်ပဲရှိတဲ့အတွက် သံယောဇဉ်တွယ်ပြီးမှ အသက်ဆုံးရှုံးရတတ်ပါတယ်။ သူတို့လေးတွေကို မွေးမယ်ဆိုရင် လှောင်အိမ်လေးထဲမှာ ဆော့စရာတွေထားပြီး မွေးလို့ရသလို တခါတလေ အခန်းထဲမှာ လျှောက်သွားခိုင်းမယ်ဆိုရင် ရပါပြီ။

ခွေးအသေးမျိုး

Source: Fortune

ချူဟွာဟွာလိုမျိုး လက်ထဲမှာ ပွေ့ထားလို့ရတဲ့ ခွေးလေးတွေကို သင်ချစ်တယ်၊ ဒါမှမဟုတ် ကိုယ့်နေအိမ်က ခြံဝန်းနဲ့ မဟုတ်ပဲ တိုက်ခန်းနဲ့နေရတယ်ဆိုရင် အခုလိုမျိုး ခွေးသေးလေးတွေက အသင့်တော်ဆုံးပါ။ သူတို့က လူတွေကို ပိုချစ်ပြီး အန္တရာယ်မပြုတဲ့အပြင် ကလေးတွေနဲ့လည်း တည့်ပါသေးတယ်။

ခွေးကြီးမျိုး

Source: elmundodelperro.net

ခွေးကြီးမျိုးတွေကို မွေးမယ်ဆိုရင်တော့ အိမ်ခြံဝန်းက ကျယ်ဖို့လိုအပ်ပြီးတော့ သူတို့ကို နေ့တိုင်း လမ်းလျှောက်ထွက်ပေးဖို့၊ ဂရုစိုက်ပေးဖို့၊ သူတို့နဲ့အတူ ဆော့ကစားပေးဖို့ လိုအပ်ပါတယ်။ သူတို့က ချစ်ဖို့ကောင်းသလို ဖက်ထားလို့လည်းကောင်းတဲ့ အချစ်တော်လေးတွေပါ။ အိမ်ကိုလည်း စောင့်ရှောက်ပေးနိုင်တဲ့အပြင် လူစိမ်းတွေကိုလည်း အိမ်နားမကပ်ရဲအောင် ခြောက်နိုင်မှာပါ။ ဒါပေမယ့် သူတို့ကို မွေးဖို့ စရိတ်ကတော့ ကြီးပါလိမ့်မယ်။

ကြောင်

Source: petcha.com

သင်က ညဏ်ကောင်းပြီး အရာအားလုံးကို ဆက်ဆက်ထိမခံဖြစ်တတ်တယ်ဆိုရင် ကြောင်လေးတွေမွေးတာက သင့်အတွက်ဖြစ်မှာပါ။ လေ့လာချက်တွေအရ ကြောင်ပိုင်ရှင်တွေက သာမန်သူတွေထက် ပိုပြီးလွတ်လွတ်လပ်လပ်တွေးနိုင်တယ်လို့ သိရပြီးတော့ ကြောင်လေးတွေကလည်း ကိုယ်တိုင်ရပ်တည်နိုင်တဲ့အတွက် အရမ်းကြီး ဂရုစိုက်ပေးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် သူတို့က သင့်မီးဖိုချောင်ကို ညဖက်မှာ မွှေနှောက်စားသောက်နိုင်တယ်နော်။