Country Vibe ကို ခံစားချက်အပြည့်အဝနဲ့ သီဆိုနိုင်တဲ့ အမေရိကန်တေးသံရှင် Jason Aldean ဟာ ၂၀၀၅ခုနှစ်ထဲက ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကြားမှာ အသည်းခိုက်အောင်ကို ကြွေခဲ့ရတဲ့ အဆိုတော်တစ်ယောက် ဖြစ်ခဲ့လို့နေပါတယ်။ သူဟာ ၂၀၀၅ခုနှစ်မှာ သီဆိုဖြန့်ချီခဲ့တဲ့ Album ၈ခုနဲ့ Broken Bow Record ဆိုတဲ့ Record Label ကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ၂၀၁၂ခုနစ်မှာ ဖြန့်ချီခဲ့တဲ့ “Night Train” Album ၊၂၀၀၇ခုနှစ်မှာ “Relentless” Album ၊ ၂၀၁၄ခုနှစ်မှာ “Old Boots, New Dirt” Album နဲ့ ဆုအသီးသီးတို့ကို ဆွတ်ခူးနိုင်ခဲ့တဲ့ အဆိုရှင်ပဲဖြစ်ပါတယ်။

Source: 5hostingweb.com

Country သီချင်းအမျိုးအစားတွေအပြင် Country Rock နဲ့ R&B ကိုပါ သီဆိုသေးကြောင်း သိရှိရပါတယ်။ သူရဲ့ သီချင်းတွေက Guitar နဲ့ Live Band ပုံစံမျိုးသွားတဲ့အတွက် ကိုယ်က Country Vibe ကို အပြည့်အဝခံစားချင်တဲ့သူ၊ Old School Music သမားတစ်ယောက်ဆိုရင်တော့ သူ့ရဲ့ သီချင်းတွေကို လုံးဝအကြိုက်တွေ့စေမယ်လို့ အာမခံပါတယ်။

အခုလက်ရှိ Billboard 200 Top List မှာလည်း သူရဲ့ သီချင်းက Top 1 ဖြစ်လို့နေတာကို တွေ့ရှိရပါတယ်။ သီချင်းနာမည်လေးကတော့ “Rearview Town” ပဲဖြစ်ပါတယ်။

Source: Youtube

သူရဲ့ အခြားထွက်ရှိထားတဲ့သီချင်းတွေထဲက အကောင်းဆုံးသီချင်း ၁၀ပုဒ်ကို ရွေးချယ်ပေးပါဆိုရင်တော့ ဒီ ၁၀ပုဒ်ကို ရွေးချယ်လို့ထားပါတယ်။

1) Dirt Road Anthem
2) Take A Little Ride
3) Burnin’ It Down
4) Big Green Tractor
5) Night Train
6) You Make It Easy
7) She’s Country
8) Don’t You Wanna Stay
9) Fly Over States
10) Tattoos On This Town

အခု ရွေးချယ်ပေးလိုက်တဲ့သီချင်း ၁၀ပုဒ်က ကိုယ်တစ်ယောက်တည်း အိမ်ထဲမှာ အေးအေးဆေးဆေး အနားယူနေတဲ့အခါ (သို့) ကိုယ့်ချစ်သူနဲ့ ခရီးသွားနေတဲ့အခါမျိုးတွေမှာ နားထောင်လို့အကောင်းဆုံးလည်းဖြစ်သလို အချစ်သီချင်းဆွေးဆွေးလေးတွေ သဘာကျတဲ့သူတွေအတွက်လည်း အကြိုက်တွေ့မယ့်သီချင်းတွေပဲဖြစ်ပါတယ်။